"ကိုကို ကျွန်တော့်ကို မေးစရာတွေ များနေမယ်ထင်တယ်...."
အစည်းဝေးခန်းတစ်ခုလုံးမှာ ချာတိတ်နဲ့ သူနှစ်ယောက်တည်းသာ ထိုင်ကျန်ရစ်ခဲ့လေသည်.....
သူ ခေါင်းမငြိမ့်ရသေးခင်မှာပဲ ချာတိတ်က စကားဆက်လာသည်....
"ကိုကိုလို့ပဲဆက်ခေါ်မယ်နော် ရတယ်မလား..."
"ရ ပါ တယ်...."
ရတာပေါ့ ချာတိတ်ရာ ကိုယ်တို့က မချစ်လို့ လမ်းခွဲကြတဲ့သူတွေမှ မဟုတ်တာ.... အဲ့လောက်ထိ တောင်းဆိုစရာမလိုပါဘူး....
"တကယ်တော့ ကျွန်တော် သိနေခဲ့တာကြာပြီ ကိုကို.... ကိုကို မှတ်မိသေးလား စက်ရုံကအပြန်လမ်းမှာ ကိုကို ကျွန်တော့်ကို ကိုကို့အကြောင်းတွေပြောပြတုန်းကလေ.... ကျွန်တော်တောင် အဲ့ဒီကလေးနှစ်ယောက်နာမည်မေးလိုက်သေးတယ်လေ...."
"အင်း မှတ်မိပါတယ်...."
"ပထမ ကိုကိုပြောပြတဲ့ အချိန်တုန်းကတော့ ငါတို့အကြောင်းနဲ့တူလိုက်တာလို့ တွေးမိသေးတယ်.... ဒါပေမယ့် မဟုတ်လောက်ပါဘူးပေါ့.... ကိုကို နာမည်တွေပြောပြလိုက်ချိန်မှာသေချာသွားတော့တာပဲ...."
"ဒါပေမယ့် ဘာလို့ ဘာမှမပြောခဲ့တာလည်း သိလား ကိုကိုနဲ့ ခွဲရမှာကြောက်လို့... ကိုကို ပြောထားတယ်လေ သူတို့ကိုရှာတွေ့တာနဲ့ အကိုနဲ့ လက်ထပ်တော့မှာလို့ဆိုတာလေ.... အာ့ကြောင့် ကျွန်တော် မပြောပဲ နေခဲ့တာ... ပြီးတော့ ကိုကိုတို့ ဒီအကြောင်းတွေ စုံစမ်းလို့မရအောင်လည်း Kaiကို အကူညီတောင်းပြီး ပိတ်ခိုင်းထားခဲ့တာ...."
ဒါကြောင့်လည်း hyungစုံစမ်းတော့ သေသွားပြီလို့ သိခဲ့ရတာကိုး....
"ပြီးတော့ ကိုကိုနဲ့ လမ်းမခွဲခင်မှာပဲ ဦးလေးparkက မေးလာတယ်.... သားက Lee Taeminမလားတဲ့.... ကျွန်တော် ငြင်းသေးတယ် ငယ်ငယ်က ဒဏ်ရာကြောင့် ဘာကိုမှ မမှတ်မိတော့ပါဘူးလို့လည်းပြောတယ်.... အဲ့တော့ DNAစာရွက်ကို ယူလာပြီး ပြတယ်လေ.... ကျွန်တော် မသိအောင် စစ်ထားခဲ့တာတဲ့... ပြောသေးတယ် ကျွန်တော်က Ommaနဲ့ သိပ်တူတာတဲ့လေ.... အစားအသောက်နဲ့ ပတ်သတ်ပြီး ပါရမီပါတယ်တဲ့... အဲ့ဒါကြောင့်လည်း ဦးလေးparkက သတိထားမိသွားတာတဲ့လေ.... နောက်ပြီး ကျွန်တော် ငြင်းမရအောင်ထပ်ပြောလာတာက....."