သမီးလေးကို ခွဲစိတ်ဖို့ရက် သတ်မှတ်ပြီးပြီမို့ သူနဲ့ hyungနဲ့အတူပြန်လာပြီး သမီးလေးကို လာခေါ်ဖြစ်သည်....
Soyu noonaကို သွားနှုတ်မဆက်ခင် အထုပ်အပိုးတွေကို ကားပေါ်အရင်တင်နေချိန် မာသာက သူတို့ဘေးနားရောက်လာပြီး...
"ချက်ချင်းကြီးပြန်ကြတော့မလို့လား... တစ်ရက်လောက်ထပ်နေပါအုံးလား သားတို့ရယ်..."
မခွဲနိုင်သောမျက်ဝန်းများဖြင့်ကြည့်နေသော မာသာ့ကို ကောင်လေးနှစ်ဦးကလည်း ဝမ်းနည်းသောမျက်ဝန်းများဖြင့်ပြန်ကြည့်နေလေသည်...
"သမီးလေးကို ခွဲစိတ်ဖို့က သန်ဘက်ခါ dateပေးထားတာကြောင့် မပြန်လို့မဖြစ်ဘူး... မနက်ဖြန်လည်း ဆေးစစ်တာတွေလုပ်ရဦးမှာ...."
"ဟုတ်ပါတယ် မာသာ... သားတို့မကြာခဏလာလည်ပါ့မယ်နော်.... hyung ကျွန်တော်တို့ noonaကို သွားနှုတ်ဆက်ရအောင်..."
မာသာကို ဖြေသိမ့်ပြီးနောက်... noonaကို နှုတ်ဆက်ရန် Minho hyungလက်ကို တွဲလို့ ကမ်းခြေဘက်ထွက်ခဲ့သည်.... hyungလက်ထဲမှာတော့ သမီးလေး Soyuကို ချီထားလေသည်....
"Noona... hyunnieလာတယ်... noonaနဲ့မိတ်ဆက်ပေးမလို့ ဒါက hyunnieရဲ့ သမီးလေးလေ ချစ်ဖို့ကောင်းတယ်မလား..."
အလိုက်သိလွန်းတဲ့ သမီးလေးက hyungပေါ်မှဆင်းကာ noonaကို နှုတ်ဆက်လေသည်....
"အန်တီလေး သမီးနာမည်က Soyuပါ... တွေ့ရတာ ဝမ်းသာပါတယ်နော်.... သမီးကိုလည်း Daddyတို့လို ချစ်ပေးပါနော်...."
*noona... hyungအတွက် စိတ်ချနေပါနော်... သားလေ hyungအနားမှာ အမြဲနေပြီး စောင့်ရှောက်ပေးပါ့မယ်...*
Minhoကတော့ စိတ်ထဲကနေသာ နှုတ်ဆက်လိုက်သည်....
"Hyung... ကျွန်တော်တို့ပြန်ကြရအောင်... ဆိုးလ်အဝင် မိုးချုပ်သွားရင် သမီးလေးအတွက် မကောင်းဘူး..."
"အင်း ပြန်ကြတာပေါ့ ကလေး..."
အပြန်မှာတော့ Minhoက သမီးလေးကို ချီလို့ ကားရှိရာသို့ ကျောင်းဝန်းလေးသို့ ပြန်ခဲ့ကြသည်....
ဆိုးလ်သို့ အပြန်လမ်းတစ်လျှောက်မှာတော့ hyungက ကားမောင်းပြီး Minhoနဲ့ သမီးလေးကတော့ ကားအနောက်ခန်းထဲမှာ အတူထိုင်ကာ ဆော့ကစားပေးရင်း... အချိန်ကြာလာတော့ သမီးလေးက ပင်ပန်းလို့ထင်သည်... Minhoရင်ခွင်ထဲမှာ အိပ်ပျော်သွားလေသည်...