㈩㈡

132 17 0
                                    

"ခင်​ဗျား မပြန်​​သေးဘူးလား... ကျွန်​​တော်​လည်း အလုပ်​သွား​တော့မယ်​..."

Hyungရဲ့ အခန်း​လေးထဲမှာ hyungနဲ့အတူ စကားထိုင်​​ပြော​နေတဲ့ ဟိုဆရာဝန်​လူကြီးကို သူ အလုပ်သွားဖို့ပြင်ေ​​​နရင်းမှ လှမ်း​မေးလိုက်​သည်​...

ဟိုတစ်​​နေ့ သူတို့အိမ်​မှာ ထမင်းလာစားပြီးသွားထဲက ​နေ့တိုင်းနီးပါး​ရောက်​လာတက်​သည်​မှာ အခုဆို တစ်​ပတ်​​ကျော်​​ကျော်​​တောင်​ရှိ​နေပြီ​... hyungနဲ့လည်း အ​တော်​ခင်​​နေပြီ​လေ...

"ကိုယ်​မပြန်​​သေးဘူး ဒီည offရလို့ hyungနဲ့ ခဏ​နေဦးမယ်​... ဒီ​နေ့​တော့ ချာတိတ်​ ကိုယ့်​ဟာကိုယ်​ပဲသွားလိုက်​​တော့ဖြစ်​တယ်​မလား..."

"ဖြစ်​တယ်​ အရင်​က​လည်း ခင်​ဗျားလိုက်​မပို့လည်း သွား​နေကြပဲ​လေ... hyung ကျွန်​​တော်​သွားပြီ..."

"အင်း အငယ်​​လေး ဂရုစိုက်​သွား​နော်​..."

"Nae hyung... ဟိုလူကြီး ကျွန်​​တော်​သွားပြီ..."

Minhoကို နှုတ်​ဆက်​ကာ ထွက်​သွား​လေ​သော ချာတိတ်​.... အရင်​ကထက်​စာရင်​ ချာတိတ်​နဲ့ သူ့ရဲ့ခင်​မင်​မှုက ပြန်​နှုတ်​ဆက်​​ဖော်​ရတဲ့အထိ အများကြီးတိုးတက်​လာပြီ​လေ...

"Minho...."

"Nae hyung ဘာလိုလို့လဲ..."

"ဘာမှ မလိုပါဘူး... အငယ်​​လေး အ​ပြောမတက်​တာရှိရင်​ hyungကပဲ ကိုယ်​စား​တောင်းပန်​ပါတယ်​​နော်​..."

"မဟုတ်​တာပဲ hyungရယ်​..."

သူ hyungရဲ့လက်​တို့ကို ဆုပ်​ကိုင်​ပြီး ပြန်​​ဖြေမိသည်​...

"အငယ်​​လေးက သနားဖို့​ကောင်းပါတယ်​... ​ဟောဒီက မျက်​မမြင်​ hyungအနားမှာ အချိန်​ပြည့်​ ကူညီ​ပေး​နေရလို့ ​ဂေဟာမှာ​နေချိန်​တုန်းကလည်း က​လေး​တွေနဲ့ အတူ​ဆော့ကစားဖို့ အချိန်​မရှိခဲ့သလို...

အ​ပေါင်းအသင်းလည်းနည်းခဲ့တယ်​... အဲ့ဒါ​ကြောင့်​လည်း စကား​ပြောတာ​တွေက အခုလိုဖြစ်​​နေတာပဲ... တကယ်​​တော့ ငယ်​​လေး စိတ်​ထား​လေးကဖြူစင်​ပါတယ်​... ရုန်းကန်​​နေရတဲ့ ဘဝမှာ စိတ်​ဓာတ်​မာ​ကျောကြံ့ခိုင်​​အောင်​ကြိုးစား​နေရတာဆို​တော့...."

Reflection [Zawgyi/Unicode]Where stories live. Discover now