㈡㈩

98 15 0
                                    

"လူကြီး ​ရောက်​လာပြီလား... ဒီမှာ အ​မော​ပြေ အ​အေး​လေး​သောက်​...."

သူ တံခါးဖွင့်​ပြီး အိမ်​ထဲဝင်​ဝင်​ချင်း အ​အေးဖန်​ခွက်​​လေးကိုင်​ပြီး ​စောင့်​​နေတဲ့ ချာတိတ်​.... ခင်​ဗျား ခင်​ဗျားဟု​ခေါ်​နေရာက​နေ လူကြီးဟု​ပြောင်း​ခေါ်ပြန်​​တော့လည်း နား​ထောင်​ရတစ်​မျိုးဆန်း​နေသည်​....

"အကိုက ဆိုင်​ပြင်​တဲ့အပိုင်းမှာ ကိစ္စရှိလို့ဆိုပြီး အခုနကမှ ထွက်​သွားတယ်​...."

"အင်း ငါ့ကို hyungဖုန်းဆက်​​ပြောတယ်​...."

ချာတိတ်​လက်​ထဲက အ​အေးခွက်​ကို ယူ​သောက်​ရင်း သူပြန်​​ဖြေလိုက်​သည်​....

"သမီး​လေး​ရော အိပ်​တုန်းပဲလား...."

"ဟုတ်... ​ကျွန်​​တော်​ ခဏ​နေရင်​ သမီး​လေးကို ပြင်​ဆင်​​ပေးပြီး ​ကျောင်းသွားပို့လိုက်​မယ်​​နော်​..."

"Ok ရတယ်​ မင်းလုပ်​စရာရှိတာလုပ်​... ငါ တစ်​ညလုံးမနားရ​သေးလို့ ခဏသွားအိပ်​လိုက်​ဦးမယ်​...."

"ဟို​လေ တစ်​ခုခု မစား​တော့ဘူးလား...."

"အိပ်​ရာနိုးမှပဲစား​တော့မယ်​.... ​သြော်​ အ​အေးအတွက်​ ​ကျေးဇူး..."

ချာတိတ်​လက်​ထဲ အ​အေးဖန်​ခွက်​ကို ပြန်​ထည့်​​ပေးရင်း ​ကျေးဇူးတင်​စကားဆိုကာ သူ အိပ်​ခန်းရှိရာသို့ ထွက်​လာခဲ့လိုက်​သည်​....

လူနာ​တွေများလွန်းပြီး တစ်​ညလုံး မနားရ​သေးသည့်​အတွက်​ လူကမလှုပ်​ချင်​​တော့တာ​ကြောင့်​ အဝတ်​စား​တောင်​မလဲနိုင်​ပဲ တစ်​ကိုယ်​လုံးကို ကုတင်​​ပေါ်ပစ်​လှဲချလိုက်​ကာ မျက်​လုံးတို့ကို မှိတ်​လိုက်​သည်​....

သူ ဘယ်​​လောက်​​တောင်​ အိပ်​​ပျော်​သွားမိလဲမသိ ပြန်​နိုးလာ​တော့ ​နေ့လည်​ခင်း​တောင်​​ရောက်​​နေပြီ....

လန်းသွား​အောင်​ ​ရေချိုးပြီး​နောက်​ ဘာမှမစားရ​သေးတဲ့ ဗိုက်​ကဆန္ဒပြလာသည်​​ကြောင့်​ တစ်​ခုခုစားရန်​ မီးဖိုခန်းသို့ ထွက်​လာခဲ့လိုက်​သည်​.... မီးဖိုခန်းထဲမှာ တကုပ်​ကုပ်​နဲ့ အလုပ်​ရှုပ်​​နေတဲ့​ ချာတိတ်​က သူ့ကိုမြင်​​တော့ ပြုံးပြသည်​.... ချာတိတ်​ရဲ့ အပြုံး​တွေကို​တော့ သူ သ​ဘောကျသည်​....

Reflection [Zawgyi/Unicode]Where stories live. Discover now