CHAPTER 1 "Love Actually" (III)

12.4K 1.2K 23
                                    

-ZAWGYI-

ကျွန်တော် သူ့ကို ဘယ်လို ဖွင့်ပြောရမလဲဆိုတာကို ခေါင်းခြောက်အောင် စဉ်းစားနေရတော့တာပဲ။ Khai ကျွန်တော့်ကို စိတ်မဆိုးအောင် ဖွင့်ပြောဖို့အတွက် အကြံလေးဘာလေးရအောင် ရုပ်ရှင်အဟောင်းတွေကိုသာ မှီငြမ်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

သုံးရက်ရှိပါပြီ။ {Love Actually} မကြည့်မိခင်အထိ ကျွန်တော် ရုပ်ရှင်တွေ အများကြီး ကြည့်နေခဲ့တာမို့ မျက်လုံးတွေတောင် ပေါက်ထွက်တော့မယ်လို့ ခံစားနေရတယ်။ ဒီရုပ်ရှင်ကတော့ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားကောင်မလေးကို ကြိုက်မိတဲ့ ကောင်လေး တစ် ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ရလဒ်ကတော့ ကောင်မလေးဆီက အချစ်ကို သူ မရခဲ့ပါဘူး။ ဒီဇာတ်ကြောင်းက ၀မ်းနည်းစရာကောင်းတာမှန်ပေမဲ့ လှလှပပဖွဲ့သီထားတဲ့ ၀မ်းနည်းနာကျင်စရာတွေပါပဲ။

ကျနော် Khai နဲ့ ပတ်သက်ပြီး ဓာတ်ပုံစာအုပ်နဲ့ scrapbook တွေ လုပ်ထားခဲ့တယ်။ scrapbook ပေါ်မှာ သူနဲ့ အတူတူ ကြည့်ခဲ့တဲ့ ရုပ်ရှင်လက်မှတ်တွေကို ကျွန်တော် ကပ်သိမ်းထားခဲ့တယ်။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်လေးတွေကိုလည်း လက်မှတ်ရဲ့ ဘေးမှာ အတိုချုံး ထည့်ရင်းပေါ့။ ဒီစာအုပ်တွေပေါ်မှာ ကျွန်တော် သူနဲ့ အတူတူ ရှိခဲ့တဲ့ အမှတ်တရတွေ အကုန် ရှိပါတယ်။ ဒီလောက်ဆိုရင် အဲဒီစာအုပ်တွေ ဘယ်လောက်တောင် ထူနေပီလဲဆိုတာကို မင်းတို့ မှန်းကြည့်လို့ ရမှာပါ။ ဒါတင် မကပါဘူး။ ကျွန်တော် Khai နဲ့ ပတ်သက်လို့ ပထမနှစ် တစ်နှစ်လုံး သူရဲ့ အနီးကပ်ပုံတွေ ပါဝင်တဲ့ video လေးတွေကိုလည်း ကျွန်တော့် laptop ထဲ သိမ်းထားပါသေးတယ်။

Khai နဲ့ ပတ်သက်တာတွေတိုင်းကို ကျွန်တော်က အချစ်တွေ အဲပည့်နဲ့ သေချာကို ထိန်းသိမ်းထားခဲ့တာပါ။

ဒေါက် ဒေါက် ဒေါက်..

တံခါးခေါက်သံကြောင့် ကျွန်တော် လန့်ကာ တုန်သွားမိသည်။ ကျွန်တော် ကတုန်တယင်နဲ့

"ဘယ်.. ဘယ်သူလဲ?"

"မင့် အဖေ"

တံခါးအဲပင်က သူကတော့ တုံ့ဆိုင်းမှု မရှိ ပြန်ဖြေလေသည်။

Theory of Love (Official Myanmar Translation)Wo Geschichten leben. Entdecke jetzt