CHAPTER 16 "The Thing I've Never Said" (II)

7.7K 885 23
                                    

-ZAWGYI-

ကျွန်တော် ကြွေကန်ထဲကနေ ရေပန်းအောက်ကို သူ မ ခေါ်လာတာကို ခံလိုက်ရပါတယ်.. ရေအေးအေးကတော့ ကျွန်တော်ကို ကြက်သီး တဖြန်းဖြန်း ထစေပါတယ်.. သူ ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာတွေ ကျွန်တော်ကိုယ်ပေါ် နှံ့အောင် လုပ်ပေးပါတယ်.. ကြမ်းပေါ်က ရေတွေကတော့ သွေးရောင် ထွက်နေဆဲပါ.. ကျွန်တော် ခေါင်းငုံ့ပြီး အဲဒါတွေကို ခဏတာ ကြည့်နေလိုက်ပြီးမှ ရုတ်တရက် သတိထားမိလိုက်တာကတော့...

အဲသွေးတွေက ကျွန်တော်ခြေထောက်ကနေ ထွက်နေတာ မဟုတ်ဘူး...

"Khai မင်း ခြေထောက်"

"အင်း.. တော်တော် နာနေပြီ.. အဲတာ့ မင်း ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးလို့ ရမလား?"

"မင်း ဘယ်တုံးက ထိသွားတာလဲ?"

"မင်းကို ပြေးဖက်လိုက်တဲ့ အချိန်မှာ.. ငါ့ခြေထောက် တခုလုံး အပြည့်ပဲ"

သူကတော့ ဘာမှ မဖြစ်သလို ပြောနေပေမဲ့လို့ သွေးတွေကတော့ ဆက်တိုက် ထွက်နေတုံးလေ.. ဒဏ်ရာတွေကတော့ တော်တော်လေး နက်မဲ့ပုံ ပေါ်ပါတယ်.. ဘယ်လောက်တောင်လဲဆို ကျွန်တော် ဒေါသထွက်နေတာကိုပါ မေ့ပြီး သူ့ကို ကြိမ်းမောင်းချင်လိုက်မိတဲ့ အထိပါ.. ကျွန်တော် မလှုပ်မယှက် ရပ်နေမိပြီး သူ ကျွန်တော်ကို အရုပ်လိုပဲ ရေချိုးပေး အ၀တ်လဲပေးတာကို ငြိမ်ခံနေလိုက်တယ်..

ကျွန်တော် အသိဝင်လာတဲ့အချိန်မှာတော့ ကျွန်တော် အိပ်ရာထဲ ရောက်နေပါပြီ.. သူကတော့ ကျွန်တော်အနာကို ပတ်တီးစီးပေးနေတယ်လေ..

"မင်း အနာရော ဆေးထည့်ပြီးပြီလား?"

"မင်း ငါ့ကို စိတ်ပူနေတာလား?"

"မဟုတ်ဘူး.."

"မင်း သိလား? မင်း TV ပေါ် အန်ချလိုက်တာ.. ပြီးတော့ screen ပေါ်မှာ ညစ်ပတ်ကုန်ပြီ"

ကျွန်တော် သူ့လက်ထဲမှာ အန်ချလိုက်တာကို မှတ်မိပါတယ် ဒါပေမဲ့ ကျွန်တော်လဲ မတတ်နိုင်ဘူးလေ.. ကျွန်တော် အရမ်းတွေ ၀မ်းနည်းပြီး မူးနောက်နေခဲ့တာ.. ဒါပေမဲ့လဲ ရေချိုးပြီးတဲ့အချိန်မှာတော့ ကျွန်တော် ခေါင်း တော်တော်လေး ပြန်ကြည်နေပါပြီ..

Theory of Love (Official Myanmar Translation)Where stories live. Discover now