CHAPTER 11 "Being Fierce Is a Way to Express Love" (I)

9.8K 1.1K 70
                                    

-ZAWGYI-

အတန်းတက်ဖို့ အချိန်နီးလာတာမို့ ကျွန်တော်နဲ့ P' Un စကားများနေတာကို ရပ်လိုက်ရပါတယ် မဟုတ်ရင် ကျွန်တော် သူနဲ့ နောက်တပွဲလောက် ထပ်ချပြီး ဘယ်သူက တကယ့် winner လဲဆိုတာကို ပြချင်သေးတာ

ကျွန်တော်သူငယ်ချင်းတွေကလဲ ကျွန်တော်နဲ့ အတူ ပါပေးချင်ပေမဲ့ ကျွန်တော်လို ရုပ်ချောတဲ့ လူကြီးလူကောင်းအတွက်ကတော့ သူငယ်ချင်းတွေကိုပါ အတူတူ ၀င်ပါခိုင်းမယ်ဆို ကြည့်မကောင်းတာမို့ ကျွန်တော် တယောက်ထဲ တိုက်ပြီး သူ့ကို ပက်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်

ဒါပေမဲ့လို့ တချိန်ထဲမှာပဲ သနားစရာ အသေးလေးကလဲ စားသောက်နေသေးတယ်လေ.. ကျွန်တော်တို့ စကားများနေတာကိုသာ အတန်းမသွားခင်အထိ တိတ်တဆိတ်ကြည့်နေခဲ့တယ်..

အရင်က ရခဲ့တဲ့ နာကျင်စရာ အတွေ့အကြုံကြောင့် ကျွန်တော် သင်ခန်းစာ တစ်ခုသင်ယူခဲ့မိတယ်။Third နဲ့ ထိုင်ချင်ရင် သူ့ကို အရင် နေရာရွေးခိုင်းရမယ်.. ပြီးတော့မှ စီစဉ်ထားတဲ့အတိုင်း ကျွန်တော် သူတို့ ၃ ယောက်နောက်ကနေ လျှောက်လာခဲ့တယ်..

ပစ်မှတ်က အရင် ထိုင်လိုက်တဲ့အချိန်မှာ Too နဲ့ Bone က မသိမသာ ကျွန်တော်ကို လှည့်ကြည့်ပြီး လမ်းဖယ်ပေးတာမို့ ကျွန်တော် မနည်းသွားကာ သူ့နားမှာ ထိုင်ချလိုက်ရတယ်

Third ကတော့ ကျတော့်ကို လှည့်ကြည့်ကာ တခုခုကို ပြောဖို့ ကြိုးစားနေသလို တိုးတိုးပြောနေပေမဲ့ ကျွန်တော် သူ့ကို ပါးစပ်ဟဖို့ အချိန်မပေးပဲ ကျွန်တော် အရင်ဖြတ်ပြောလိုက်တယ်

"ငါ ခြေထောက်နာတယ်.. ဘယ်မှ မရွှေ့ချင်ဘူး.. ဒီမှာပဲ ထိုင်လို့ မရဘူးလား?"

သနားစရာကောင်းအောင် ကျွန်တော် ဟန်ဆောင်လိုက်တယ်။ ဒုက္ခရောက်ချင်ယောင်ဆောင်မှ ဒီကမ္ဘာကို အုပ်စိုးနိုင်မှာ!

"ငါက ဘာပြောနေလို့လဲ?"

သူ တိုးတိုးထပ်ပြောလေသည်။

"မင်း ပြောဖို့ ကြိုးစားနေတာ ငါ မြင်တယ်"

"မပြောဘူး"

ဘယ်လိုတောင် မာရေကြောရေဖြစ်နေလဲမေး

ဒါပေမဲ့ ကျွန်တော် သူ့ကို နမ်းလိုက်တုံးကတော့ သူ့နှုတ်ခမ်းလေးတွေက တော်တော်လေး နူးညံ့ပါတယ်.. ကျွန်တော် သူ့နှုတ်ခမ်းတွေ အရင်အတိုင်း နူးညံ့နေသေးလားဆိုတာ စမ်းကြည့်ချင်နေတုံးပါပဲ

Theory of Love (Official Myanmar Translation)Where stories live. Discover now