-ZAWGYI-
အချိန် ခဏကြာအောင် ရပ်ပြီး စဉ်းစားနေပြီးတဲ့နောက် ကျွန်တော် ဘားရဲ့ အစွန်ဆုံးက မီးရောင်မှိန်မှိန်နေရာကို ကျွန်တော် လျှောက်လာခဲ့တယ်.. စားပွဲဝိုင်းမှာ သောက်စား ကခုန်နေကြတဲ့ အနုပညာကျောင်းသား တချို့ကို မြင်လိုက်ရပါတယ်.. ဒါပေမဲ့ ကျွန်တော်အမြင်ကတော့ ကောင်မလေးတယောက် Khai ပေါင်ပေါ်မှာ ထိုင်ကာ ဘယ်သူမှ ကြည့်မနေသလို သူ့ကို အားပါးတရကို နမ်းနေပါတယ်..
မင်း ပြောင်းလဲနေပြီ ထင်ထားခဲ့တာ ဒါပေမဲ့ မင်းက အရင်အတိုင်းပဲ..
အချိန်ခဏအတွင်း ကျွန်တော် လဲကျတော့မလို ခံစားလိုက်ရတယ်.. သူ့အပေါ် ကျွန်တော်ရဲ့ ယုံကြည်မှုက ပျောက်ကွယ်သွားတော့တယ်.. ကျွန်တော် အံကြိတ်ထားမိရင်း မိန်းကလေး မျက်နှာကို မြင်အောင် ကြည့်နေလိုက်တယ် ..
အဲဒါ ပြဇာတ် ဇာတ်ဝင်တေး ဆိုမဲ့ Ching Ching မလား? အဲဒါ Khai က အသံတကယ်ကောင်းတယ်လို့ ပြောတဲ့ Ching Ching မလား?
ကျွန်တော် ခြေထောက်တွေ တုန်လာပြီး ဖြေးဖြေးချည်း နောက်ကို ဆုတ်လာခဲ့မိတယ်.. ကျွန်တော်စိတ်ထဲမှာလဲ ဗလာနတ္ထိ.. ကျွန်တော် တွေးနိုင်တာက ဖြစ်နိုင်ရင် ဒီနေရာကနေ အဲမန်ဆုံး အဝေးဆုံးကို ထွက်ပြေးချင်နေပြီ.. ကျွန်တော် အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ ကျွန်တော် အိမ်သာနဲ့ အဲပင်ကို ထွက်တဲ့ ကြားက နေရာမှာ ရပ်နေမိပါတယ်..
လူတွေကတော့ ၂ ယောက်စ ၃ ယောက်စ အဖွဲ့ဖွဲ့ပြီး ဆေးလိပ်သောက်နေကြပါတယ်.. ပြီးတော့ ကျွန်တော်ရှေ့မှာလဲ မူးမူးနဲ့ ကောင်မလေးတသိုက် ကနေကြပါတယ်.. အရက်ရဲ့ အကျိုးက ကျွန်တော်ကို ရှုပ်ထွေးစေပြီး ကျွန်တော် ထွက်ဖို့ လမ်းကို မတွေ့ပါဘူး..
"Bone"
"Third! ချီးပဲ! မင်း ဒီမှာ ဘာလုပ်နေတာလဲ?"
ကျွန်တော် ငိုမိမယ်လို့ ထင်ထားပေမဲ့လို့ ကျွန်တော် မျက်ရည် မကျခဲ့ပါဘူး.. ကျွန်တော်နား သူ ချည်းကပ်လာတာကိုသာ ကျွန်တော် ကြည့်နေမိတယ်.. ကျွန်တော် ဘာမှ မစဉ်းစားနိုင်ပါဘူး.. ကျွန်တော် သိတာ တခုက...
"Bone"
"မင်း အရမ်း မူးနေပြီ.. မင်းကို နောက်မှ ပြန်လာခေါ်မယ်"
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019