-ZAWGYI-
ကျွန်တော် Khai ကို မတွေ့ချင်ပေမဲ့ တနင်္လာနေ့မှာ ကျွန်တော်တို့ တွေ့ကိုတွေ့ရဦးမှာ အတန်းပြီးတော့ ကျတော်တို့ ပြဇာတ်ရုံကို သွားကာ ဘာတွေ လုပ်ရမလဲ သွားကြည့်ခဲ့ကြတယ်..
P' Cent ကတော့ ပထမဆုံး ရောက်လာကာ ကျွန်တော်ပခုံးကို ပုတ်လိုက်ပြီးတဲ့နောက် P' An ကပါ ရောက်လာပါတယ်.. ကြည့်ရတာ သူတို့ သောကြာနေ့ညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သိပုံပေါ်ပါတယ်.. ဒီနေ့အတွက် ရုံထဲက အခြေအနေကတော့ နည်းနည်း ထုံမှိုင်းနေကြပါတယ်.. အထူးသဖြင့် အသံအဖွဲ့မှာ ရှိနေတဲ့ Khai က အခုချိန်မှာတော့ Ching Ching လို့ ခေါ်တဲ့ ဂျုနီယာနဲ့ စိမ်းအောင် နေနေပါတယ်..
"အင်း.. မင်းတို့ ပြေလည်သွားကြပြီလား?"
ဝက်ဝံစီနီယာကတော့ ရိုးရှင်းတဲ့ စကားနဲ့ စကာ ပြောလိုက်ပါတယ်..
"ဘာမှ မဟုတ်တော့ပါဘူး စီနီယာ.. အားလုံး အရင်အတိုင်းပါပဲ"
"အဲလိုလား? အဲလို ပြောလိုက်တဲ့အချိန် မင်း ၀မ်းမနည်းဘူးလား?"
"စီနီယာရဲ့ မျက်စိစုံမှိတ်ပြီး တယောက်ထဲကိုပဲ ချစ်ကြတဲ့ သူငယ်ချင်းတွေ အကြောင်း ပြောပြထားတာ မှတ်မိလား? Khai ကတော့ အဲလို လုံးဝမဖြစ်နိုင်တဲ့ သူတွေထဲက တယောက်ပဲ"
"ဒါပေမဲ့ သူ ဖြစ်နေတယ်လို့ ငါထင်တယ်.. မင်း အဲနေ့က သူ့ကို အထင်လွဲတာ မဟုတ်ဘူးလား?"
"ကျွန်တော်မျက်စိ နှစ်လုံးနဲ့ တပ်အပ်မမြင်ခဲ့ရရင်တော့ ကျွန်တော် သူပြောတာကို ယုံအုံးမှာ.. ဒါပေမဲ့ အဲလို မဟုတ်ခဲ့ဘူးလေ.."
အဲအချိန်မှာပဲ ကျွန်တော်မျက်လုံးထဲမှာ အဲမြင်ကွင်းက ပြန်ပေါ်လာပါတယ်..
ကျွန်တော်တို့ စပြီး မတွဲခဲ့မိတာ တော်တော် ကံကောင်းတယ်လို့ ပြောရမယ်.. အကယ်၍ ကျွန်တော် အခု အခြေအနေထက်ပိုပြီး သူ့ကို ချစ်မိသွားရင် ကျွန်တော် အမှန်တရားကို သိလိုက်ရတဲ့ နေ့ကျရင် ဘယ်လောက်တောင် ၀မ်းနည်းရမယ်ဆိုတာ ကျွန်တော် မသိဘူး..
"မင်းက အရမ်းတွေးတာပဲ.. Ching Ching ကို ခေါ်ပြီး မင်းနဲ့ မျက်နှာချင်းဆိုင် ရှင်းပြခိုင်းလိုက်ရမလား?"
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019