CHAPTER 13 "Persistence Can't Conquer the World, Persistence Conquer Hearts"(IV)

7.7K 873 15
                                    

-ZAWGYI-

Ring!!!

"ငါ့ကို ဖုန်းခေါ်နေတယ်.. မြန်မြန် ငါ့ဖုန်း ပြန်ပေး!"

ကျွန်တော် မြန်မြန် လိုက်ကာ လုတောင်းပေးမဲ့လို့ Khai ကတော့ မလိုက်နာပါဘူး.. သူ ခေါင်းခါပြရင်း သူ့ဘေးမှာ ရှိနေတဲ့ ဖုန်းကို ယူလိုက်ကာ ဘယ်သူ ခေါ်နေလဲ ကြည့်လိုက်နေတော့တာပါပဲ

"ငါ့ဖုန်း လာတာ"

"အဲတော့ မင်း ငါ့ဖုန်းကို ပြန်ပေးသင့်တယ် မထင်ဘူးလား?"

"Bone ခေါ်နေတာ.. မင်း ကိုင်လိုက်လေ"

သူ ကျွန်တော်ကို သူ့ရဲ့ ဖုန်းကို ကမ်းပေးလေသည်။

"ဘာကိစ္စ ငါက ပြောရမှာလဲ? မင်း ဘာသာ မင်း ဖြေ.. ငါ မင်းနဲ့ ရှိနေတယ်လို့ မပြောနဲ့"

ကျွန်တော် အသံတိုးတိုးနဲ့ ပြောလိုက်တော့ ကျွန်တော်ပြောတဲ့အတိုင်း သူ ဖုန်းကိုင်လိုက်လေသည်။

"ဘာကိစ္စလဲ... ငါ အပြင်မှာ"

"မင်း ငါနဲ့ မဟုတ်ဘူးလို့ ပြောနော်"

ကျွန်တော် Khai ကို အတတ်နိုင်ဆုံး အသံ တိုးကာ ကပ်ပြောနေရတယ်

"Third မရှိဘူး... ဘာကိစ္စ ခေါ်တာလဲ? အော်... နောက်နေ့မှ ပြောမယ်လေ.. အရေးကြီးတာ ငါ အလုပ်ရှုပ်နေတယ်"

အဲနောက်မှာတော့ သူ ဖုန်းချလိုက်လေသည်။ အဲတော့ ကျွန်တော် သိချင်တာမို့ သူ့ကို မေးရတော့သည်။

"Bone က ဘာလို့ ခေါ်တာလဲ?"

"သူ ငါ့ကို အပြင်သွားစားဖို့ ခေါ်တာ.. ဒါပေမဲ့ စိတ်မပူနဲ့.. ငါ သူ့ကို ငြင်းလိုက်တယ်"

"အင်း ကောင်းတယ်"

အကယ်၍ သူသာ သိသွားရင်Too ပါ သိလိမ့်မယ်.. မနေ့က ကျွန်တော် Khai နဲ့ ဘယ်တော့မှ အပြင်သွား မစားဘူးလို့ ကျိန်ထားတာ.. သိရင်တော့ ကျွန်တော် ရစရာ ရှိတော့မှာ မဟုတ်ဘူး..

"ဟေးးးး ဟိုမှာ~~~~ ဘယ်သူတွေပါလိမ့်?"

ဘုရားသခင်ကတော့ ကျွန်တော်ကို အပြစ်ပေးးချင်နေလား မသိ.. ဆိုင်တွေ ဒီလောက် အများကြီး ရှိတဲ့ထဲမှာမှ အခုဝင်လာတဲ့ သူတွေက ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ?

Theory of Love (Official Myanmar Translation)Where stories live. Discover now