-ZAWGYI-
နောက်နေ့မှာတော့ Third က အတန်းမတက်ခဲ့ပါဘူး.. ကျွန်တော် Too ကို မေးတော့ Third က တယောက်ထဲ နေချင်တယ်တဲ့လေ.. ကျွန်တော်ရင်ထဲမှာ ကိုယ့်ကိုကိုယ် အပြစ်တင်မှုတွေနဲ့ လေးလံလို့ပေါ့။.. ကျွန်တော် သူ့ကို အတန်းပြီးရင် သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်.. သူ ကျွန်တော်ကို ဘာကြောင့် စိတ်ဆိုးနေလဲ ကျွန်တော် မမေးတော့ဘူး ဒါကလဲ သူ ကျွန်တော်ကို မပြောမှာ သေချာနေလို့ပါ..
ကျွန်တော် ရင်ထဲကနေပဲ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကို သေချာပြောနိုင်တော့တယ်..
ကျွန်တော် တောင်းပန်တာက အလုပ်ဖြစ်ပါတယ်.. ကျွန်တော်တို့ကြားက တင်းမာမှုလဲ လျော့သွားပြီးတော့ ကျွန်တော်တို့ ဆက်ဆံရေးက ပြန်ကောင်းလာပါတယ်..Third ကတော့ ဇာတ်ညွှန်းရေးတာနဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ ကျွန်တော်တို့ အရင်အတိုင်း လေးယောက်တဖွဲ့ သွားလာနေကြတုံးပါပဲ.. ကျွန်တော်တို့ Third ကို ကူပြီး စာကြည့်တိုက်ထဲ ကျောင်းသားတွေ ဘယ်လို ဆက်သွယ်ကြလဲ ဆိုတာကို လေ့လာဖို့ပါ လိုက်လုပ်ပေးကြပါတယ်.. ကျွန်တော် သူ့ကို ရုပ်ရှင်တွေဝယ် shopping ထွက်ဖို့ပါ ခေါ်ခဲ့ပါတယ်..
Third က ကျွန်တော် ကောင်မလေးတွေအတွက် နှုတ်ခမ်းနီ ကူရွေးပေးပါတယ်.. ကျွန်တော် ကောင်မလေးတွေကို လိုက်ဖို့ ဒီနည်းလမ်းကို သုံးတယ်ဆိုတာ သူသိပါတယ်.. ဒါပေမဲ့ Hermes လက်ပတ်ကတော့ ကျွန်တော်အမ Klear အတွက် မွေးနေ့လက်ဆောင်ပါ.. ကျွန်တော် အဲကိစ္စကို သူ့ကို မပြောခဲ့ပါဘူး။
Third က ကျွန်တော် အမြဲလိုလို အတူရှိနေချင်တဲ့ တယောက်ထဲသော သူငယ်ချင်းဆိုရင် ထူးဆန်းမလား?
ကျွန်တော် သူ့အတွက်ဆို သေးသေးလေးကအစ အကြီးကြီးအထိ လိုက်တွေးပေးတယ်.. အဲအကြောင်းကြောင့်ပဲ ကျွန်တော်တို့ နှစ်နှစ်ကျော်အောင် ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့ တညနေခင်းမှာတော့ အရာရာ ပြောင်းလဲသွားခဲ့တယ်..
──────⊹⊱✫⊰⊹──────
Third ကတော့ ဇာတ်ညွှန်းအတွက် အကြံကောင်း ရှာတုန်း၊ဖွေတုန်း။ အချိန်ဖြုန်းဖို့အတွက် ကျွန်တော်တို့ ၃ ယောက်ကတော့ ဖုန်းနဲ့ laptop တွေ ဆော့နေကြတာပေါ့။ ကျွန်တော့်ဖုန်း battery နည်းလာပြီး ကျွန်တော် power bank ကလဲ အားကုန်သွားပြီဆိုတော့ ကျွန်တော် Third ရဲ့ laptop ကို ငှားပြီး သီချင်းတွေ ဟိုဟိုသည်သည်နားထောင်နေဖြစ်တယ်။
ESTÁS LEYENDO
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019