-ZAWGYI-
Ring!!!
ဒါနဲ့ဆို ဖုန်းခေါ်တာ တတိယအကြိမ်ပါ.. ကျွန်တော် ဖုန်း screen မှာ ပေါ်နေတဲ့ နာမည်ကို ကြည့်လိုက်ပြီးတဲ့နောက် သက်ပြင်းချလိုက်ကာ နောက်ဆုံးတော့ ဖုန်းကိုင်လိုက်လေသည်။ မဟုတ်ရင် သူ ဆက်ခေါ်နေမှာပဲ ကျွန်တော်လဲ ဖုန်းကို ကိုင်ကို ကိုင်ရမှာပဲဟာ
"ဘာလဲ?"
ကျွန်တော် ပြောလိုက်ပြီးတဲ့အချိန်မှာတော့ နာရီကို လှမ်းကြည့်လိုက်လေသည်။ အချိန်ကတော့ ည ဆယ်နာရီခွဲနေပါပြီ..
[မင်း ပစ္စည်းတွေ သိမ်းပြီးပြီလား? ငါ အရမ်း စိတ်လှုပ်ရှားနေပြီ.. မနက်ဖြန် ပျော်ပါးဖို့ သွားရတော့မယ်~]
Khai ရဲ့ အသံကတော့ အခု သူ အရမ်းပျော်နေတယ်ဆိုတာ သိသာပါတယ်.. မနက်ဖြန် ကျွန်တော်တို့ ပိတ်ရက်ရှည်ကြီး စပြီလေ.. ကျွန်တော်တို့ အားလုံး အတူတူ သွားကြမယ် ပြီးတော့ နောက်နှစ် ရိုက်မဲ့ ဇာတ်လမ်းတိုအတွက်ကို ကျွန်တော်တို့ ဇာတ်ညွှန်း စဉ်းစားကြမယ်လေ.. Too နဲ့ Bone ကတော့ သွားဖို့ သဘောတူလိုက်ကြပါတယ်.. ဒါပေမဲ့ ကျွန်တော် သူ့ကို မပြောပြတာကတော့..
ကျွန်တော် ဒီ ခရီးမှာ လိုက်မှာမဟုတ်ပါဘူး
ကျွန်တော် Too ကိုတော့ ကြိုပြောထားပြီးပါပြီ.. ပြီးတော့ ကျွန်တော် ဘာတွေးနေလဲဆိုတာကို သူ နားလည်တယ်လေ.. အဲတော့ ကျွန်တော်အကြောင်း ဖုံးကွယ်ထားပေးပြီး သူ Khai ရယ် Bone ရယ်နဲ့ သွားမှာပါ..
ကျွန်တော်ရဲ့ စိတ်အခြေအနေကို ကျွန်တော်ကိုယ်တိုင် ဖျောက်ဖျက်ပစ်ရမယ် ဆိုပေမဲ့ အခုလို အခြေအနေမျိုးမှာ သူနဲ့ အတူ ၅ ရက်တာကို အတူတူ ဖြတ်သန်းဖို့အထိ ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး..
[ငါ အ၀တ်အစား နည်းနည်း ပိုယူလာတယ်.. ရေဆော့ဖို့ ဘောင်းဘီတိုရယ် ပြီးတော့ ကင်မရာ.. မိုးကာအကျီင်္ရော ယူခဲ့ရမလား?]
"မင်း အဆင်ပြေသလို လုပ်"
ကျွန်တော် အပြစ်လုပ်မိသလို ခံစားလာရပါတယ်..
[power bank လဲ အားအပြည့်ပဲ.. ပြီးတော့ ငါ ipod လဲ ယူလာတယ်.. ဂစ်တာရောပဲ.. မင်း ဗိုက်ဆာမှာ ဆိုးလို့ ငါ့အိတ်ထဲ မုန့်တွေ အပြည့်လဲ ထည့်ထားတယ်.. မင်း လမ်းမှာ ဇာတ်ညွှန်းထွက်လာရင် ရေးလို့ ရအောင် ငါ စာအုပ်လေးလဲ ယူလာတယ်.. မင်း ဘာယူချင်သေးလဲ?]
ESTÁS LEYENDO
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019