-ZAWGYI-
ကျွန်တော် သူ့ပေါ်မှာ ဘယ်လောက် ငိုနေမိလဲ ဆိုတာ ကျွန်တော် မသိဘူး.. သူကတော့ ဘာမှ မပြောပါဘူး.. ကျွန်တော်ကို နှစ်လဲ မနှစ်သိမ့်သလို ကျွန်တော်ကို အငိုတိတ်အောင်လဲ မလုပ်ပေးပါဘူး.. သူ အဲနေရာမှာပဲ ရပ်နေတာပါ.. ကျွန်တော်တို့ တယောက်ကို တယောက် လွှတ်ပေးလိုက်ဖို့အတွက် မိနစ်အနည်းငယ် အချိန်ယူလိုက်ရပါတယ်.. အဲအချိန်မှာတော့ ကျွန်တော် သူရဲ့ နီရဲနေတဲ့ မျက်ဝန်းတွေကို မြင်လိုက်ရတယ်..
သူ မငိုပါဘူး.. ဒါပေမဲ့ သူ ဒီလို စိတ်မပါပဲ ရပ်နေတာထက်စာရင် သူ အော်ငိုပြီး ကျွန်တော်ကို ဆဲဆိုလိုက်တာကမှ တော်အုံးမယ်..
"ငါ ... ငါ ဒီလို ဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး"
ကျွန်တော်ကိုယ် ကျွန်တော်အတွက် ဆင်ခြေပေးစရာ မရှိတော့ဘူးလေ.. ပြီးတော့ ကျွန်တော် ထွက်မပြေးချင်ဘူး
"ငါ နားလည်ပါတယ် ... ငါက မကောင်းတဲ့အကောင်ဆိုတော့ မင်းတို့တယောက်မှ မလာကြတာမလား?"
သူ ပြောလို့ပြီးတဲ့အချိန်မှာတော့ နောက်ထပ် အသက်မပါတဲ့ အဲပုံးကို ပြုံးပြပြန်ပါတယ်.. သူရဲ့ အဲပုံးက နာကျင်မှုတွေနဲ့ ပြည့်နှက်နေတာမို့ ကျွန်တော်ရင်ထဲမှာ အဲပစ်ရှိတယ် ဆိုတဲ့ ခံစားချက်က ပြည့်နှက်လာပါတော့တယ်..
"မဟုတ်ဘူး.. အားလုံး နားလည်မှု လွဲတာ.. Too နဲ့ Bone ကလဲ မရည်ရွယ်ပါဘူး.. အကုန်လုံး ငါ့အမှားပါ"
ကျွန်တော် စကားဆုံးတဲ့ အချိန်မှာတော့ ကျွန်တော် ထပ်ငိုရုံမှတပါး မတတ်နိုင်တော့ပါဘူး.. Khai ကတော့ တည်တည်ငြိမ်ငြိမ်ပဲ လက်လှမ်းကာ ကျွန်တော်မျက်ရည်တွေကို သုတ်ပေးပါတော့တယ်..
သူက သူ မဟုတ်တော့ဘူး.. သူက ကျွန်တော် သိခဲ့ဖူးတဲ့ Khai မဟုတ်တော့ဘူး..
"မင်း ဘာမှ မမှားပါဘူး.. ငါ မင်းကို စောင့်ဖို့ ဆုံးဖြတ်ပြီးသားပါ"
"... ..."
ကျွန်တော် ဘာပြောရမယ် ဘာလုပ်ရမယ် မသိတော့ပါဘူး..
"မင်း ဘယ်သူနဲ့ လာတာလဲ?"
သူ ကျွန်တော်ကို မေးပါတော့တယ်..
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019