CHAPTER 8 "The Value of Effort Equals Minus Zero" (II)

10.2K 1.1K 31
                                    

-ZAWGYI-

"ပထမဆုံး စာလုံး.. အိမ်"

ကျွန်တော် ပုံဆွဲရတာကို လုံးဝမကြိုက်ပါဘူး.. ဘာကြောင့်ဆို ကျွန်တော်ရဲ့ ပုံဆွဲတတ်စေတဲ့ ဆဲလ်တွေက ကြီးထွားမလာလို့ပါ.. ကျွန်တော် သင်္ချာလို တွက်ဆွဲရတာကို မမူပါဘူး.. ကျတော့မှာ သင်္ချာတော်တဲ့ ဆဲလ်တွေ အများကြီးရှိပေမဲ့ ကျွန်တော် တကယ်ပဲ ပုံမဆွဲတတ်ပါဘူး..

အဲတော့ 'အိမ်' ဆိုတဲ့ စာလုံးမှာ ကျွန်တော် တွေးလိုက်မိတာကတော့..

ကျွန်တော် Chawee

"Khai"

ခေါင်းဆောင်မင်းသမီး Pink က ကျွန်တော်နာမည်ကို လှမ်းခေါ်တယ်

"ဟမ်?"

"နင့် 'အိမ်' က နှံကောင်လား? ချစ်ဖို့ ကောင်းတယ်နော်"

သေစမ်း! ကျွန်တော်ရဲ့ အထက်တန်းစား ဆိုင်ကယ်က ဘယ်လိုလုပ် နှံကောင် ဖြစ်သွားရတာလဲ? ကျွန်တော် သူ့ပါးစပ်ကို ဆွဲဖြဲပစ်လိုက်ချင်ပေမဲ့ အဲလိုသာဆိုရင် ကျွန်တော် အစိမ်းရောင် ခြယ်လိုက်သင့်လား?

ကျွန်တော် သူ့ကို ပြန်ပြီး ဖဲ့ပြောလိုက်ချင်ပေမဲ့လို့ ကျွန်တော်က အခု အသစ်တဖန် ဘ၀ပြန်စနေသည့်တိုင် အရင်က playboy လေးဖြစ်တာကြောင့် ကျွန်တော် ပြန်ပြောလိုက်နိုင်တာကတော့

"ကျေးဇူးပါ"

"အားလုံး ဆွဲပြီးရင် နောက် တရွက်ကို ပြောင်းလိုက်တော့နော် နောက်ထပ် စာလုံးကတော့ 'ကြယ်' ပါ.."

ကျွန်တော် ဦးနှောက်ထဲ ဘာမှ စဉ်းစားမရတော့ပါဘူး.. ကျွန်တော် ကြယ်ပုံ ဒီတိုင်း ဆွဲလိုက်ဖို့ကျ မဖြစ်နိုင်ဘူးလေ.. ကျွန်တော်ကို ကျွန်တော် ပြန်သုံးသပ်လိုက်ပြီးတဲ့နောက် ကျွန်တော် သူများတွေ ဘာတွေ ဆွဲနေလဲဆိုတာ ချောင်းဖို့ ဆုံးဖြတ်လိုက်တော့တယ်..

တချို့တွေက တကယ် ပုံလှလှတွေ ကာတွန်းတွေနဲ့ အပင်ပုံတွေ ဆွဲနေကြပါတယ်.. သူတို့ ဘာတွေ ဆွဲနေလဲ ကြည့်ပြီးချိန်မှာ ကျွန်တော် ကူးမရမှန်း သိလိုက်တာမို့ ကျွန်တော် ထိုင်ကာ အကြာကြီး စဉ်းစားနေလိုက်ချိန် နောက်ဆုံးမှာတော့ တောင်တလုံးက ကျတော့်စိတ်ထဲ ဘွားခနဲ။

Theory of Love (Official Myanmar Translation)Where stories live. Discover now