-ZAWGYI-
အဲနေ့ညက ကျွန်တော် Third အကြောင်းပဲ စဉ်းစားနေမိတယ်.. ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ရိုက်ထားခဲ့တဲ့ ပုံတွေကို ပြန်ကြည့်နေမိတယ်.. Bone ရယ် Too ရယ် သူရယ် နဲ့ အတူရိုက်ခဲ့တဲ့ video အတိုလေးတွေကိုလဲ ပြန်ကြည့်ဖြစ်တယ်.. သူရဲ့ အပြုံး၊ သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့ အပြုအမူတွေက ကျွန်တော်ကို အရင်က အချိန်ကောင်းတွေကို ပြန်မှတ်မိစေပါတယ်..
ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာတာ ၂ နှစ်အတွင်း ကျွန်တော် သူနဲ့ လမ်းခွဲဖို့ မစဉ်းစားမိအောင်အထိကို သူ့ကို တော်တော်ချစ်ခဲ့တာပါ.. အဲဒါက သူ့ကို ကျွန်တော် မနမ်းမိခင်အထိ သူငယ်ချင်းဆက်ဆံရေးလို့ပဲ ကျွန်တော် တွေးထားခဲ့တာ.. ဒါပေမဲ့ ကျွန်တော် သူ့မျက်ရည်တွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် သူ့ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိလိုက်တယ်..
ဘယ်အချိန်ထဲက စခဲ့မှန်း မသိခဲ့ပေမယ့် အရာအားလုံးက ပြောင်းလဲသွားခဲ့ပါပြီ.. အရင်က ကျွန်တော် မပတ်သတ်တဲ့ မိန်းမဆိုတာမရှိသလောက်ပဲ။ ဒါပေမယ့်Third ကို ကျွန်တော်ရည်းစားတွေက ဆက်တိုက် အနှောင့်အယှက်တွေ ပေးနေတာကို သိတော့ ကျွန်တော် ဘယ်သူ့ကိုမှ အတည် မတွဲတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ကျွန်တော်အိမ်ကို မိန်းမတွေ မခေါ်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်.. ဘာကြောင့်လဲဆို ကျွန်တော် အဲလို လုပ်ရင် တနေ့ ကျွန်တော်သူငယ်ချင်း ကျွန်တော်ဆီ ပြန်လာပြီး ကျွန်တော်တို့ တူတူနေနိုင်မယ် တွေးခဲ့လို့ပါ..
"အိပ်တော့.. မင်း မနက်ဖြန် ကျောင်းပြန်သွားရမယ်မလား?"
အခန်းမီးပိတ်ထားပေမဲ့လို့ ကျွန်တော်ရဲ့ laptop မီးကို မြင်နေရတာမို့ ခုတင်ပေါ်မှာ အိပ်နေတဲ့သူကသတိလှမ်းပေးလေသည်။
"အင်း.. ဒီမှာ ဆက်နေအုံးမှာ.. မနက်ဖြန်ကို ပြန်ချင်စိတ် မရှိသေးဘူး.."
"မင်း ငါ့အိမ်မှာ နေနေတာ ၅ ရက်တောင် ရှိပြီ.. မနက်ဖြန်ဆို ၆ ရက် ဖြစ်တော့မှာ"
"ရက်တွေ ရေထားတာလား?"
"မင်း မလုပ်ခင် အရမ်းစဉ်းစားဟ.. မင်းသူငယ်ချင်းတွေ မင်းကို စိုးရိမ်နေအုံးမယ်.. ပြီးတော့ ဒီ သင်ကြားမှုတွေက အရေးမကြီးဘူး မထင်နဲ့.. အနုပညာ သင်တဲ့အချိန်မှာ အဲပင်အလုပ်အတွက် အကျိုးဖြစ်တဲ့ activities တွေ အများကြီး ရှိတယ်.. မင်းလဲ အဲထဲတွေ ပါနေတာပဲ.. မင်းအတန်းဖော်တွေ မင်းကို လိုအပ်နေမလား စဉ်းစားပေါ့.. မင်းအတွက်ချည်းပဲ စဉ်းစားမနေနဲ့"
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019