CHAPTER 7 "Circle of (Boy) Friend" (III)

10.4K 1.1K 28
                                    

-ZAWGYI-

တခါတလေမှာ အမှန်တရားက နာကျင်စေနိုင်ပါတယ်.. ကျွန်တော် ဘာမှ မသိတဲ့ အရူး တယောက်လို ဟန်ဆောင်နေခဲ့ရတယ်.. ကျွန်တော် သိစရာ မလိုတော့တဲ့နေ့ ရောက်တဲ့အထိ ကျွန်တော် ဆက်ဟန်ဆောင်နေအုံးမှာပဲ.. ကျွန်တော်ရဲ့ နည်းမျိုးစုံသော ကြိုးစားမှုတွေက သူ့ကို နက်နက်ရှိုင်းရှိုင်း ခံစားစေတာ ကျွန်တော် သိတယ်..

သူ ငိုနေတာကို အကြိမ်တိုင်းလိုလို ကျွန်တော် ကြည့်နေခဲ့ရတယ်.. ကျွန်တော့်ကိုယ် ကျွန်တော် မမြင်ချင်ယောင်ဆောင်ဖို့ တွန်းအားပေးခဲ့တယ်.. ကျွန်တော် သူ့ဘေးမှာ ထိုင်ပြီး ကျွန်တော် ရည်းစားအသစ်အကြောင်း ပြောတိုင်း သူ အားဖျော့ဖျော့နဲ့ ပြုံးပြတာကို ကျွန်တော် ကြည့်နေခဲ့တယ်.. သူ အနေရခက်ပြီး အရမ်းနာကျင်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။

──────⊹⊱✫⊰⊹──────

စုရုံးအစည်းအဝေးပြီးထဲက ကျွန်တော် Praew နဲ့ ဇာတ်လမ်းကို ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်.. အဲနောက်မှာတော့ ကျွန်တော်ဆိုင်ကယ်နောက်ကို ကျွန်တော် ပစ္စည်းတွေ တင်လိုက်ကာ ကျွန်တော်ပြဿနာတွေကနေ ရုန်းထွက်နိုင်ဖို့ အနုပညာ စီနီယာကျောင်းသား တယောက်ဆီကနေ အကြံတောင်းဖို့ထွက်လာခဲ့တယ်လေ။

သူ့နာမည်ကတော့ P' Ton ပါ.. တခြားတက္ကသိုလ်က စတုတ္တနှစ် စီနီယာပါ.. သူကတော့ ဒီနှစ်မှာ သူ့ရဲ့ အစမ်းခန့် အလုပ်စလုပ်နေပြီး သူ့သူငယ်ချင်း သုံး လေးယောက်လောက်နဲ့ အိမ်အကြီးကြီး တစ် လုံး ငှားထားပြီး တချိန်ထဲမှာပဲ အဲအိမ်ကို studio အဖြစ် အသုံးပြုပါတယ်.. အဲနေရာမှာ ကျွန်တော် ခဏလောက် နေဖို့က ပြဿနာ မရှိပါဘူး.. ဒါပေမဲ့ ကျွန်တော် အဲထက် ပိုလိုချင်တာ.. ကျွန်တော့်ပြသနာကို သူတို့အနေနဲ့ မကူညီနိုင်တာတောင်မှ ကျွန်တော် အဲဒီအကြောင်းကို စဉ်းစားနေတာကို ခဏတာလောက် ရပ်သွားနိုင်ရင်တောင် တော်တော်လေး အကူအညီ ဖြစ်မှာပါ..

"မင်း တကယ် လာတာပဲ"

ပိန်ပိန်ရှည်ရှည်နဲ့ ကြည့်ကောင်းပြီး မုတ်ဆိတ်နဲ့ လူက ကျွန်တော်ကို နှုတ်ဆက်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော် Chawee ရယ် ကျွန်တော်လွယ်အိတ်ရယ်နဲ့ အတူ ရောက်လာပြန်တော့တယ်။

Theory of Love (Official Myanmar Translation)Where stories live. Discover now