CHAPTER 10 "I Like You, So I Hit on You" (II)

9.3K 1K 20
                                    

-ZAWGYI-

Ring!!

ဖုန်းမြည်လာတာမို့ ကျွန်တော် အသံလာရာကို လှည့်ကြည့်မိလိုက်သည်။ Third က သူ့ဖုန်းကို ဘောင်းဘီအိတ်ထဲမှ ထုတ်ကြည့်လိုက်ပီးမှ အခန်းပြင်ကို ထွက်သွားပါသည်။

သူနဲ့ အနီးဆုံးမှာ ထိုင်နေတဲ့ Bone ပြောလိုက်တာက

"P' Un"

မြေနိုး! ဘယ်လို သရဲကောင်လဲ?

"Too.. မင်း ငါ့ကို Third ရဲ့ ဖုန်းကို ကြည့်ပေးမယ် ပြောထားတယ်မလား?"

ခုံမှာ ထိုင်နေတဲ့ Too ကို ကျွန်တော် လှည့်ကြည့်ကာ ပြောလိုက်သည်။ အဲနေ့ထဲကနေ အခုချိန်ထိ ကျွန်တော့်ရဲ့ အချစ်နောက်ကို လိုက်တဲ့ အစီအစဉ်က မအောင်မြင်ပါဘူး.. ကျွန်တော်တို့ အရမ်း ပေါ့ဆကြလို့ပါ..

"P' Un နဲ့ သူ ပြောနေတယ်ဆိုတာ ဘယ်သူက သိမှာလဲ? နောက်ဆုံးမှာ သူက မင်းကလွဲ လူတိုင်းကို အလေးပေးမယ် မထင်မိဘူး"

"ဒါပေမဲ့ အခု သူ ဦးစားပေးနေသားကို !"

"အေး အေး အေး အေး.. မင်းအတွက် ငါ နောက်မှ လုပ်ပေးမယ်"

"ပြောရုံ မပြောနဲ့.. ငါတို့ စောင့်နေလို့ မရဘူး"

"ဟုတ်ပြီ.. ဒါပေမဲ့ ငါ မလုပ်ခင်မှာ မေးစရာ ရှိတယ်.. မင်း အရမ်းမြန်အောင်မောင်းလို့ ဆိုင်ကယ်မှောက်တာမလား? ဒါကြောင့်လဲဆို မင်းမှာ ဒီလို ဖြစ်စရာ အကြောင်း မရှိဘူးလို့ ငါထင်တယ်"

"ဘာကြောင့်လဲဆို အင်း ... ငါ.. Third ကို နမ်းလိုက်တဲ့အချိန် သူ နိုးလာတယ်"

"ချီးပဲ! မင်း ဘာလို့ ဦးနှောက် မရှိတဲ့ အလုပ်ကို လုပ်တာလဲ? အဲတော့ မင်းနာမည်က Khai လား Kwai လား?"

မင်းကလေ အနာကို ဆားနဲ့ ဘယ်လို သိပ်ရမလဲ သိတယ်နော် ငါ့သူငယ်ချင်းလေး

||Kwai ဆိုတာကတော့ ကျွဲပါ.. ဒါပေမဲ့ အဲဒါကလဲ 'ငတုံး' 'ငအ' လို့ သုံးတဲ့ ဘန်းစကားပါ||

"ငါ မနေနိုင်တော့လို့ပေါ့ဟ!"

လိင်စိတ်နဲ့ ရင်ခုန်နှုန်းက ထိန်းဖို့ နည်းလမ်း ရှိတာမှမဟုတ်ဘဲ။ ပြီးတော့ ကျွန်တော် မိန်းမတယောက်နဲ့ အိပ်ပီး အဲကိစ္စတွေ မလုပ်တာ ဘယ်လောက်တောင် ကြာပြီလဲ? အဲတော့ ကျွန်တော် ဘာတတ်နိုင်မှာလဲ?

Theory of Love (Official Myanmar Translation)Donde viven las historias. Descúbrelo ahora