-ZAWGYI-
ဒီနေ့ လေ့ကျင့်ရေးအခန်းကတော့ ပျော်စရာတွေ ပြည့်နေပါတယ်အသံအဖွဲ့ဖြစ်ဖြစ် အလင်းအဖွဲ့ဖြစ်ဖြစ် ဇာတ်စင်အဖွဲ့ပဲဖြစ်ဖြစ် အလုပ်တွေ အားလုံးလိုလိုက ၃၀% ပဲ ပြီးနေသေးပေမယ့် အဖွဲ့တိုင်းလိုလိုက လူတွေ လာကြပါတယ်..
"Khai! N' Khai!"
Third နဲ့ ကျွန်တော် လျှောက်ဝင်လာတဲ့အချိန်မှာတော့ အဖွဲ့ကနေ ငယ်သံပါအောင် ကျွန်တော့်နာမည်ကို အော်နေကြပါတော့တယ်.. သူတို့ ကြည့်ရတာကတော့ computer screen ကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြတာပါ..
"Khai.. မတွေ့ရတာ ကြာပြီ.. ငါတို့ ပြဇာတ် fan တွေအတွက် live လွှင့်နေတာ.."
"ကျွန်တော်က ဒီဇာတ်ရဲ့ မင်းသား မဟုတ်တော့ဘူးလေ"
"သူတို့ကို ရှင်းပြလိုက်ပါအုံး.. fan တွေက မင်းကို စိုးရိမ်နေကြတာ"
ကျွန်တော် Third ရဲ့ အဖြေကို စောင့်သလို ခေါင်းငဲ့ကာ ကြည့်မိတော့ သူက ခေါင်းငြိမ့်ပြကာ သဘောတူလိုက်သည်။ အခု ကျွန်တော်မိန်းမရဲ့ ခွင့်ပြုချက် ရပြီမို့ ကျွန်တော် စီနီယာအစ်မဘေးမှာ တိုးဝင်ထိုင်လိုက်သည်။
"Khai.. ဒါက Faan ပါ.. ပထမနှစ်ပါ.. အခု သူက ဇာတ်ဆောင်မင်းသားပေါ့"
"မင်္ဂလာပါ စီနီယာ"
ကျွန်တော် ဆန့်ကျင်ဘက်က သူကတော့ လက်ဆန့်လိုက်ကာ နှုတ်ဆက်လေသည်။ သူက လုံးဝကို မကောင်းတဲ့ အကောင်ပုံကို မပေါက်တာ.. အရပ်အရမ်းရှည်ပြီး ခန္ဓာကိုယ်ကလည်း ကြည့်ကောင်းတယ်.. သူက အရင် ရွေးတုံးက မပါဘူးလေ.. သူတို့ ဒီကောင်ကို ဘယ်က ရှာလာခဲ့ပါလိမ့်
"အဲဒါဆို လေ့ကျင့်ရေး စရအောင် .. Khai ရဲ့ Live ပြီးမှ မင်းကို ပြန်ခေါ်လိုက်မယ်.."
ကြည့်ရတာကတော့ ကျွန်တော် လာရင် လူတိုင်းက ကျွန်တော်ကို ရှောင်ရမယ်များ တွေးနေကြလားမသိ
"Khai.. မင်း အရင်ထိုင်နှင့်.. လူတိုင်းက ကြည့်နေတဲ့သူတွေကို စကားပြောပြီးကြပြီဆိုတော့ သူတို့က မင်းအတွက် မေးထားတဲ့ မေးခွန်းတွေ ရှိတယ်.. အဲဒါတွေ မင်း ဖြေကြည့်"
ကျွန်တော် အလယ်မှာ ရအောင် ထိုင်လိုက်တော့ ကျွန်တော့်မျက်နှာက screen မှာ ဘွားခနဲ။
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019