CHAPTER 2 "A Little Thing called You" (IV)

10.2K 1.1K 10
                                    

-ZAWGYI-

အချိန်ကောင်းတွေက အမြဲ အဆုံးသတ်ရမဲ့အချိန်ကို မြန်မြန်ရောက်ပါတယ်။ ကျွန်တော်တို့ Bone ရဲ့ ကားပေါ်ကို ပစ္စည်းတွေ တင်ပြီးတော့ အိမ်ပြန်ဖို့ အသင့် ဖြစ်နေပါပြီ။ Khai ကတော့ သူရဲ့ အဖိုးတန်လေး Chawee အတွက် နေရာမရမှာ စိုးနေတာနဲ့ ကျွန်တော့်ကားကို လိုက်စီးမယ်တဲ့လေ။ Too ကတော့ Bone နဲ့ အတူ သွားမယ် တဲ့။ သူတို့ နှစ်ယောက်ကတော့ မနက်ဖြန်အတွက် ၀က်အူချောင်းတွေပြင်ဖို့ လောနေတာမို့ အရင် ပြန်သွားကြပြီ။ ကျွန်တော်နဲ့ Khai အတူတူ ကားပါကင်ကို လျှောက်လာတဲ့အချိန်မှာ နည်းနည်းပဲ လျှောက်ရသေး ရှေ့ကနေ တစ်ယောက်ယောက်က လှမ်းတားလိုက်သည်။

"Khai!"

ကံဆိုးလိုက်တာဆိုတာ။ ဆံပင်ပန်းရောင်နဲ့ ကောင်မလေးက လှမ်းခေါ်လိုက်၏။

"အင်း..."

ကျွန်တော် အချစ်ဆုံး သူငယ်ချင်းကတော့ ချိုချိုသာသာပဲ ပြန်ဖြေတာပေါ့။ ဒီကောင်မလေးတွေ ပွဲပြီးတာတောင် Khai ကို ရအောင် လာရှာကြသေးတယ်။ ကျွန်တော်ရဲ့ ရင်ထဲမှာတော့ ဒိတ်အောက်သွားတဲ့ ၀က်အူချောင်းလိုပဲ ခံစားနေရတယ်။

"ကျွန်မကို ရှင် အိမ်ပြန်လိုက်ပို့မယ်ထင်နေတာ"

"ကိုယ် ဒီမျောက်လေးကို အဖော်လုပ်ပေးရဦးမှာမို့"

သူ ကျွန်တော်ကို လက်ညိုးထိုးပြပြီးပြောသည်။ လခွမ်း.. အခုတော့ ငါက မျောက်လား။

"၀မ်းနည်းလိုက်တာ"

"ဒါပေမဲ့လည်း ကိုယ် မင်းကို ပို့ပေးလို့ ရပါတယ်။ Third.. မင်းဘာသာမင်း ပြန်လိုက်တော့နော်"

နောက်ဆုံးစကားကတော့ သူ ကျွန်တော့်ကို ပြောလိုက်တာပါ။ ကျွန်တော် သူ့ကို မတားနိုင်တာမို့ ခေါင်းပဲ ငြိမ့်ပြလိုက်ရတော့သည်။ ကျွန်တော် ကားပါကင်ဆီကို စိတ်ပျက်လက်ပျက်နဲ့ လျှောက်လာခဲ့ရတော့တာပါပဲ။

Too မင်းကတော့ ဒီလိုဖြစ်မယ် ထင်ထားမှာ မဟုတ်ဘူး။ Khai က အခု တခြားကောင်မလေး တစ်ယောက်နဲ့ ထွက်သွားပြန်ပြီ။

"Third .. မင်းလျှောက်နေတာ မင်းကားကိုကျော်သွားပြီနော်"

"ဟမ်"

Theory of Love (Official Myanmar Translation)Donde viven las historias. Descúbrelo ahora