-ZAWGYI-
အဲ ဂျုနီယာလေးကို Khai နဲ့ အမြဲ တွေ့နေရတယ်..
ပြဇာတ်အတွက် လေ့ကျင့်ရေး လုပ်တဲ့ အချိန်တိုင်း..
"Ching Ching.. ဒါက Third.. ငါ့ သူငယ်ချင်း.. Third ဒါက Ching Ching ပြဇာတ်ဇာတ်ဝင်တေး ဆိုမဲ့သူ"
"Hello P' Third"
"Hello.. မင်း ဘာလုပ်နေတာလဲ?"
"ဂျုနီယာ လေ့ကျင့်နေတာ ကြည့်နေတာ.. ပြီးရင် မနက်ဖြန် အသံသွင်းမယ်"
"အော်"
နေ့လည်စာ စားတဲ့အချိန်တိုင်း..
"N' Ching Ching.. ဒီမှာ လာထိုင်လေ"
"ထိုင်လို့ ရမလား?"
"ဒါ ပြည်သူပိုင် နေရာလေ.. ထိုင်လို့ ရတာပေါ့.. မင်း ဒီ အနုပညာဋ္ဌာန ကန်တင်းကို ဘာလာလုပ်တာလဲ?"
"ညီမတို့ ကန်တင်းက မကောင်းလို့လေ"
"ကန်တင်း နေ့တိုင်း မကောင်းရင် ကောင်းမယ်.. အဲဒါမှ မင်း နေ့တိုင်း ဒီကို လာမှာ"
တ၀ိုင်းလုံးက ပျော်နေကြပါတယ်.. ကျွန်တော် တယောက်ပဲ မပျော်တာပါ.. Khai ကတော့ သူမကို လာထိုင်ဖို့ မခေါ်ပေမဲ့ သူတို့ တယောက်ကို တယောက်ကြည့်နေတာကို ကျွန်တော် ခံစားမိတယ်..
Khai ရဲ့ နှလုံးသားက မပြောင်းလဲသေးဘူးဆိုတာ ကျွန်တော် သိတယ်.. သူက အချစ်ကို နားမလည်နိုင်တဲ့ သူ ဖြစ်နေတုံးပဲ..
ကျောက်ပတ်တီး ဖြည်ပြီးတဲ့အချိန်မှာတော့ Khai တစ် ယောက် facebook ပေါ် တင်ပါတယ်..
'ကျွန်တော် ညီလေးကတော့ တာဝန်ပြန်လည် စွမ်းဆောင်နိုင်ပါပြီ.. ဒါဟာ ဂုဏ်ပြုရမဲ့ ကိစ္စပါ..'
'မင်းအတွက် ၀မ်းသာပါတယ်'
'အို.. စိတ်ပျက်စရာ Khai ပျောက်ဆုံးသွားပြီလား? သနားစရာပဲ'
'ချောလိုက်တာ'
ကျွန်တော် comment တွေကို လျှောက်ဆွဲကြည့်နေရင်း 'Ching Ching' ဆိုတဲ့ နာမည်ကို အကြည့်ရောက်သွားပါတယ်..
သူတို့ကြားမှာ ကျွန်တော် မသိတဲ့ ကိစ္စတွေ များနိုင်တယ်.. ဒါပေမဲ့လို့ ကျွန်တော်မှာ သိခွင့်မှ မရှိတာ..
ပြီးတော့ ဒီနေ့...
"ဒီနေ့ အသံအဖွဲ့ရဲ့ ပါတီ တကယ်ရှိတာလား?"
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019