CHAPTER 7 "Circle of (Boy) Friend" (I)

11.2K 1.2K 34
                                    

-ZAWGYI-

မင်း ဇာတ်ကား တကားကို ကြည့်တော့မယ်ဆိုရင် ဘာနဲ့ ကြည့်ပြီး ရွေးချယ်လဲ?

ဇာတ်လမ်းအကြောင်းအရာ?

ဒါရိုက်တာ?

သရုပ်ဆောင်တွေရဲ့ မျက်နှာ?

ဇာတ်လမ်းသုံးသပ်ချက်?

ဒါမှ မဟုတ် ကိုယ့်အကြိုက်နဲ့ ကိုက်တာ?

ကျွန်တော်ကတော့ ဇာတ်ကားတွေကို ကျွန်တော် အကြိုက်နဲ့ ကိုက်တာကိုပဲ အမြဲရွေးပါတယ်.. ကျွန်တော် ရွေးနေကျ အမျိုးအစားဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဇာတ်ကားသုံးသပ်ချက်တွေ မဖတ်ဘဲ ချက်ချင်းကြည့်ဖို့ ဆုံးဖြတ်တတ်ပါတယ်.. ကျွန်တော်က ရိုးရှင်းတဲ့ ကာတွန်းကားတွေ မကြိုက်ဘူး.. ကျွန်တော် သည်းထိတ်ရင်ဖို သိပ္ပံဆန်တဲ့ ဇာတ်ကားတွေ ကြည့်ရတာ ကြိုက်ပါတယ်..

ကျွန်တော်ရဲ့ စီနီယာ တယောက်က ပြောဖူးတယ် ဇာတ်ကားရွေးတယ်ဆိုတာ အချစ်ကို ရွေးရတာနဲ့ တူတယ်တဲ့။ လူနည်းစုက သူတို့ မကြိုက်တာတောင်မ ရွေးကြလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော်တို့ ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကို ဆုံးဖြတ်တဲ့အခါ ကျွန်တော်တို့က စည်းတခုကိုဖန်တီးလိုက်ကြတယ်။ အဲဒီစည်းက တခြားသူတွေက ဘယ်လောက်ကောင်းပါတယ်ဆိုဆို ကျွန်တော်တို့အနေနဲ့ လက်ခံဖို့အတွက် ခက်ခဲသွားစေပါတယ်။ တကယ်တမ်းလည်း ကောင်းနေတာတောင်မှပေါ့လေ။

အနည်းဆုံးတော့ ကျွန်တော်တို့ စမ်းကြည့်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။

──────⊹⊱✫⊰⊹──────

ကျွန်တော် ဘာတွေ ဖြစ်ကုန်လဲဆိုတာ မမှတ်မိဘူး.. ကျွန်တော်နဲ့ Third ကြားက ဆက်ဆံရေးက တနေ့တခြား ပိုဆိုးလာတယ်ဆိုတာပဲ ကျွန်တော် သိတယ်.. ကျွန်တော်တို့ ဘီယာတူတူသောက်ခဲ့တဲ့ ညက ကျွန်တော်တို့ကို လုံးဝကို ကွဲကွာစေခဲ့တာ.. ကျွန်တော်တို့ အတူတူသောက်ရုံပဲ လို့ ထင်ခဲ့ပေမဲ့ အခြေအနေတွေက ဒီလို ဆိုးရွားသွားမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး

"Khai.."

ကျွန်တော်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ သူက ကျွန်တော်နာမည်ကို လှမ်းခေါ်လိုက်သံကြားတယ်။ သူ တံခါးနားမှာ ရပ်နေတာမို့ ဒီ အနေရခက်နေတာကြီးကို ဖျောက်ဖျက်ဖို့အတွက် ကျွန်တော်ကပဲ စကား စပြောလိုက်တာ။

Theory of Love (Official Myanmar Translation)Where stories live. Discover now