CHAPTER 5 "Get over and move on" (IV)

11.3K 1.2K 53
                                    

-ZAWGYI-

တလလောက် အကြာမှာတော့ ဇာတ်ညွှန်းအဖွဲ့ရဲ့ လှိုင်းထန်မှုက ပြီးဆုံးခါနီးလာပါတယ်.. P' Chen နဲ့ P' Yongyee က အောင်ပွဲခဲဖို့ လူတိုင်းလိုလိုကို ဖိတ်ခဲ့တယ်.. ကျွန်တော်သူငယ်ချင်း ၃ ကောင်ကလဲ အမြှီးလို လိုက်ကပ်လာကြပြန်တယ်.. ကျွန်တော်တို့ အစားအသောက်တွေ အများကြီး မှာကြတယ် ပြီးတော့ စားသောက်ဆိုင်ထဲမှာပဲ ဘီယာ သောက်ခဲ့ကြတယ်..

ကျွန်တော် ဘီယာကို နည်းနည်းလောက် မသောက်ပါဘူး ဘာကြောင့်ဆို ကျွန်တော် အများကြီး သောက်မိရင် ကျွန်တော် မပြောသင့်တာတွေ ပြောမိမှာ ဆိုးလို့ပါ.. Too နဲ့ Bone ကတော့ ကျွန်တော်ကို အခုနောက်ပိုင်း နည်းနည်းသာ သောက်ဖို့ အမြဲပြောနေတော့တာပဲ။ ဒါပေမဲ့ အခုတော့ သူတို့ ခွေးလိုနွားလို မူးနေကြပြီလေ။ နောက်ဆုံးတော့ ၀က်ဝံလို သောက်တတ်တဲ့ P' Chen ကို ဘယ်သူမှ မကျော်နိုင်ပါဘူး။

အစထဲကနေ သူတို့ သောက်နေကြတာပါ.. တဖြည်းဖြည်း လူတိုင်းလိုလို အရှိန်ရလာကြပြီ ထင်ပါတယ်.. P' Yongyee ကတော့ ထွက်သွားဖို့ ဆင်ခြေရပြီး ကျွန်တော်ကို ဒီကံကြမ္မာက စမ်းသပ်တာကို ခံဖို့ တယောက်ထဲ ထားခဲ့ရက်ပြီပေါ့။

ဒီ လေးယောက်နဲ့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ...

"P" Chen .. ဒီနေ့တော့ တော်လောက်ပြီထင်တယ်.. နောက်ကျရင် ပြန်ရတာ ခက်လိမ့်မယ်နော်"

သူကတော့ အာရုံဝင်လာတဲ့ပုံနဲ့

"မပူနဲ့.. ငါ့မိန်းမ လာကြိုလိမ့်မယ်"

ကျေးဇူးတင်ပါတယ် ဘဲကြီး...

"မင်းတို့ ၃ ကောင်လဲ တော်တော့.. ငါ မင်းတို့ကို ထိန်းနိုင်မှာ မဟုတ်ဘူး။"

"မင်းမျက်လုံးတွေ ကောင်းနေတုံး"

Bone ကတော့ သူ မူးနေတာကို ငြင်းနေပါတယ်.. သူနဲ့ Too ခုနက အန်နေတာကို ကျွန်တော် မြင်လိုက်တယ်.. ပြန်ကောင်းမယ် ကြံကာရှိ ဒီကောင်က ပြန်ရူးနေပြန်ပီ ခွေးကောင်လေး..

သူတို့ မြန်မြန် မမူးအောင် ကျွန်တော် သူတို့ ခွက်တွေထဲ ရေတွေလိုက်ထည့်ပေးနေလိုက်တယ်။ ဒါက အသုံးဝင်သွားပုံပါပဲ။ Khai ကတော့ နံရံတွေကို ကိုင်စမ်းကာ အိမ်သာသွားဖို့တောင် အနိုင်နိုင်ဖြစ်နေပုံ။ သူ့မျက်နှာကြည့်ရတာ တော်တော်လေး နီရဲနေတော့ တော်တော်မူးနေပြီ ထင်ပါရဲ့။ သူ အရမ်းက ဒီလောက်နဲ့ လွယ်လွယ် မမူးပါဘူး။ သူရဲ့ တူတဲ့ P' Chen နဲ့ မတွေ့ခင် အထိပေါ့။

Theory of Love (Official Myanmar Translation)Where stories live. Discover now