Special 1 "The Bed Attack Mission" (II)

12.1K 513 13
                                    

-ZAWGYI-

Mini Special 2

ကိစ္စကြီး တခု ပြီးမြောက်ဖို့အတွက် မင်းနှလုံးသားက သက်ညှာပေးနေလို့ မရဘူး

"ဟင့်အင်း.. မလုပ်ဘူး.. ငါ အိပ်ချင်နေပြီ"

ကျွန်တော်တို့ ဒီအခန်းလေးထဲက ဒီမီးအိမ်လေး ထွန်းထားတဲ့ ဒီကုတင်ပေါ်မှာပဲ ရှိနေပါသေးတယ်။ အချိန်ကတော့ မိနစ် အနည်းငယ်လောက် ကုန်လွန်သွားပါပြီ။ ကျွန်တော် Third ကို ဖျောင်းဖျဖို့ ကြိုးစားနေပေမဲ့ Third ကတော့ နည်းနည်းလေးတောင် လိုက်လျောမဲ့ပုံစံ မပေါက်။ သူ့မျက်ဝန်းမှာတော့ မျက်ရည်စတွေက နေရာယူလာတယ်လေ။ ကျွန်တော် လွှတ်မပေးရင် စီးကျကုန်တော့မှာ။

သူ့မျက်ရည်တွေ ပြောပါတယ်။ တခြားမတွေးပါနဲ့။

"မင်းကို မနာကျင်စေရပါဘူး.. ငါ အတတ်နိုင်ဆုံး ညင်သာပါ့မယ်"

ကျွန်တော် တခါမှ နူးနူးညံ့ညံ့ မဆက်ဆံခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူ့အတွက်သာဆို ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အတွေ့အကြုံများတာမို့ Third ခံစားလို့ ကောင်းအောင် ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် တခါမှ သူနဲ့ ယောက်ျားတွေနဲ့ မဆက်ဆံဖူးပေမဲ့လို့ ဘာမှ မသိရလောက်အောင်တော့ ကျွန်တော် မတုံးသေးပါဘူး။

"မင်း ဘာမှ မပြင်ဆင်ထားဘူးလေ Khai.. ဘယ်လိုလုပ် မနာပဲ နေမှာလဲ။ ပြီးတော့ ဘယ်မလဲ အကာအကွယ်? ငါတို့လဲ အကာအကွယ်လိုတယ်ဆိုတာ မင်းသိလား? ပြီးတော့ gel ရော? ငါတို့ ရေလေး ချိုး သန့်စင်လိုက်ရုံနဲ့ လုပ်လို့ ရနေတဲ့ အရာ မဟုတ်ဘူးကွ"

Third ကတော့ ပွစိပွစိ ပြောနေရင်း တကိုယ်လုံးလည်း တုန်ရီနေတယ်လေ။ ကျွန်တော် သူ့ကို တကယ် လေးစားမိတယ်။

"ငါ ပြင်ဆင်ထားတာမို့ မနာစေရပါဘူး"

သူ ဇဝေဇ၀ါ မဖြစ်စေဖို့ ကျွန်တော် ဘေးမှာ ရှိနေတဲ့ ခုံက အံဆွဲဆီ လက်လှမ်းကာ ဆွဲဖွင့်လိုက်တော့ အကာအကွယ်ဗူး အနည်းငယ်၊ တံဆိပ် မတူတဲ့ ချောဆီမျိုးစုံရယ်နဲ့ Third အတွက် အကိုက်အခဲ ပျောက်ဆေးတွေပါ ရှိနေပါတယ်။ ကဲ ဘယ်လိုလဲ?

Theory of Love (Official Myanmar Translation)Where stories live. Discover now