CHAPTER 4 "Crazy, Stupid, Love" (IV)

10.2K 1.1K 33
                                    

-ZAWGYI-

ဒေါက် ဒေါက် ဒေါက်..

ခဏအကြာမှာတော့ သကောင့်သားတစ်ကောင်က ခပ်ပြုံးပြုံးကြီး တံခါးလာဖွင့်ပေးပါတယ်။ အောင်မယ် ဒင်းက စသလိုလေသံနဲ့

"ဘယ်လိုလဲ ဇာတ်ညွှန်းဆရာကြီး"

"စစကတော့ OK တယ်.. အခု မင်းမျက်နှာကို မြင်လိုက်ရတော့ ငါ ဘာမှ စဉ်းစားမရတော့ဘူး"

"ငါ့ ချောမောလှပတဲ့ မျက်နှာကို ချီးမွန်းချင်ရင် ဒီတိုင်း ပြောချလိုက်စမ်းပါ"

"ရူးနေလား။ ဒါမှမဟုတ် ဆေးမှားသောက်ထားလား?? ဘာကိစ္စ ဒီဘောင်းဘီကို ၀တ်ထားတာလဲ?"

အဲဒါကတော့ အားကစားဘောင်းဘီပါ.. ရာဘာကြိုးက လျော့နေတာမို့ သူ့တင်သားတွေ ပေါ်အောင် လျှောလျှော ကျနေတော့တာ။

"လိုက်တယ်မလား"

"အင်း.. လိုက်တယ်.. မင်းရဲ့ အရူးစိတ်နဲ့ တပုံစံထဲပဲ"

"မင်း ငါ့ကိုဘာပြောမှာလဲ ပြောပြလေ"

"ဖယ်စမ်းပါ! ငါ့ကို အထဲ ပေးဝင်အုံးမှာလား?"

"လုပ်ပါ~~"

အခန်းထဲမှာ Game ဆော့ရင်း ထိုင်နေတဲ့ သူကတော့ Too ပါ။ သူက ကျွန်တော်ကို လှည့်ကြည့်ပြီးမှ Game ကို ပြန်ဆော့နေပြန်တယ်။ Bone ကလဲ Too ဘေး ၀င်ထိုင်လိုက်ကာ Game ခလုတ်ကို ကောက်ကိုင်လိုက်ပြီး သူတို့ရဲ့ သတ်ဖြတ်နေကြတဲ့ Game ကို ဆက်ဆော့နေတော့ကာ ကျွန်တော်ကတော့ တစ်ယောက်ထဲ ကျန်ခဲ့တာပေါ့။

"Khai.. ရော ဘယ်မှာလဲ?"

ကျွန်တော် မနေနိုင်ပဲ မေးလိုက်မိတယ်။ Bone က ကျွန်တော်ကို တစ် ချက် လှည့်ကြည့်ပြီးမှ ဆက်ဆော့နေရင်း

"သူ ချိန်းထားတာ ရှိတယ်"

Bone က တိုက်ရိုက်မပြောပေမဲ့ Khai က နောက်မိန်းမတယောက်နဲ့ ပျော်ပါးနေမယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။ ကျွန်တော် သူရဲ့ဆိုင်ကယ်ပေါ်မှာ မိန်းမ တော်တော်များများ လိုက်စီးနေတာ တွေ့ဖူးပေမဲ့လဲ ကျွန်တော် ရင်ထဲမှာ တခုခု ခံနေသလို ခံစားနေရတုန်းပဲ။

အခုနောက်ပိုင်း Khai က ကျွန်တော်တို့နဲ့ သိပ်မတွဲတော့ပါဘူး။ အရိုင်းအစိုင်းအဖွဲ့ဆိုတာလည်း နာမည်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ ၃ ယောက်သာ အတူတူရှိနေတာပါ။ Bone ကတော့ အခုနောက်ပိုင်း ကော်လိုပဲ လိုက်ကပ်ကာ ကျွန်တော်တို့ ဆက်ဆံရေးကို ပြန်ပြေလည်အောင် ကြိုးစားနေလေရဲ့။ အမြဲတမ်း Khai ကိုလဲ ကျွန်တော်တို့ အဖွဲ့ လုပ်သမျှထဲကို ဆွဲခေါ်ရင်းပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ နှလုံးသားတွေက အရင်လို မနီးစပ်ကြတော့ဘူးလေ။ ပြီးတော့ Bone ရဲ့ ကူညီမှုဆိုတာကလဲ အရာမ၀င်ပါဘူး။

Theory of Love (Official Myanmar Translation)Where stories live. Discover now