-ZAWGYI-
Third ကတော့ တောင့်တောင့်ကြီး ရပ်လို့.. ကျွန်တော်ကတော့ သူ့အဖြေကို စောင့်နေဆဲပါ.. ကျွန်တော် သူ့နားကို ထပ်သွားချင်ပေမဲ့ ကျွန်တော်မှာ အားက လုံးဝ ဗလာ
"မင်း စောင့်နိုင်မလား? ငါ... ငါ ဆိုင်ကယ် သွားယူလိုက်မယ်"
Chawee ကတော့ သူ ရပ်နေတဲ့နေရာနဲ့ သိပ်မဝေးပါဘူး.. အဲဒါက ဆေးကျောင်းအဆောက်အအုံရှေ့မှာပါ.. ကျောင်းရဲ့ တဖက်ခြမ်းပေါ့..
"Khai.. တော်လောက်ပြီ"
ကျွန်တော်ရဲ့ အမြင်အာရုံကေ၀၀ါးနေတာမို့ ကျွန်တော် သူ့မျက်နှာကို မမြင်နိုင်ပါဘူး.. ကျွန်တော် သူ့လက်နွေးနွေးလေးက ကျွန်တော်လက်မောင်းကို ဆွဲနေတာကိုပဲ ခံစားမိတယ်..
"သူနဲ့ မသွားပါနဲ့"
"မင်းအခု ဆေးရုံသွားရမယ်.. အခုချက်ချင်း! P' Un ကျေးဇူးပြုပြီး ကူညီပါအုံး"
"ဟင့်အင်း... ငါ ရတယ်.. Third.. ကျေးဇူးပြုပြီး"
ကျွန်တော်ရဲ့ တုန်ယင်နေတဲ့ လက်တွေကို ဘောင်းဘီမှာ သုတ်ဖို့ ကျွန်တော် ကြိုးစားနေလိုက်တယ် .. ကျွန်တော်လက်မှာ ညစ်ပတ်နေတဲ့ သွေးတွေကို သုတ်ပစ်နိုင်ရင် သူ ကျွန်တော် ဒဏ်ရာ ကြီးကြီးမားမား ရထားတယ် ထင်မှာ မဟုတ်ဘူး..
ကျွန်တော် စဉ်းစားနေတာ.. ကျွန်တော်ရဲ့ မကောင်းတဲ့ အကျင့်က ကျွန်တော်ရဲ့ ခံစားချက်တွေကို မမြင်နိုင်အောင် လုပ်လိုက်တယ် ထင်ပါတယ်.. ကျွန်တော် အချစ်ကြောင့် မငိုဖူးဘူး.. ကျွန်တော် အချစ်ကြောင့် ၀မ်းမနည်းဖူးဘူး.. ကျွန်တော် အချစ်အတွက် ပေးဆပ်ဖို့လဲ ဘယ်တုံးကမှ မတွေးဖူးဘူး.. ကျွန်တော် ဒီခံစားချက်တွေကို မခံစားနိုင်ဘူး ထင်ထားခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးတော့မှ Third က ကျတော့်ရဲ့ အဲဒီစံနှုန်းတွေအကုန်လုံးကို ရိုက်ချိုးလိုက်ပါတယ်..
ကျွန်တော် ဘယ်ဘက်ခြေထောက်က ဓားနဲ့ အရှေ့ရော အနောက်ရော ဖြတ်ခုတ်ခံထားရသလိုပဲ.. အပိုင်းပိုင်း ပြတ်ထွက်တော့မလို ခံစားနေရတယ်.. ကျွန်တော်ရင်ထဲမှာ တိတ်တိတ်လေး ကြောက်နေမိတာက ကျွန်တော် သူ့ကို ဒီည အိပ်ပြန်လိုက်ပို့တဲ့ ကတိကို မတည်နိုင်မှာကိုပါ.. ဒါပေမဲ့ သူ တခြားတယောက်နဲ့ လိုက်သွားမယ်ဆိုတဲ့ အတွေးကတော့ ကျွန်တော့်ကို...
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019