CHAPTER 4 "Crazy, Stupid, Love" (II)

9.6K 1.1K 13
                                    

-ZAWGYI-

စိတ်ဝေဒနာ ခံစားနေရတဲ့ သူ တစ် ယောက်လို ကျွန်တော် ဧည့်ခန်းထဲမှာ ခဏတာ မှိုင်ကာ ထိုင်နေမိသည်။ နောက်တော့ ကျွန်တော် အိတ်ထဲက ကင်မရာ ထုတ်ပြီး ရိုက်ကူးရေးကို စတင်လိုက်တယ်။

ကျွန်တော့်မှာ ကိုယ်ပိုင် Youtube channel ရှိတာကို မင်းတို့မှတ်မိကြဦးမယ်ထင်ပါတယ်။ Subscirber သောင်းကျော် ရှိပေမဲ့ ကျွန်တော် video view တွေကတော့ ရာကျော်လောက်သာ။ ဒီနေ့ကတော့ ကျွန်တော် ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ Video ရိုက်ရမဲ့နေ့ပါ။

"မင်္ဂလာပါ ... အခုဆိုရင်တော့ Friendly Movie အချိန်ကို ကျရောက်လာပါပြီ။ ဒီ video ကတော့ ဒီနှစ်အတွက် ကျွန်တော့်ရဲ့နောက်ဆုံး video ပါ။ လန့်သွားကြလား။ ကျွန်တော် ဒီနေ့တော့ အရမ်းက ဇာတ်လမ်းဟောင်းလေးကို ဝေမျှချင်ပါတယ်။ ဇာတ်ကား နာမည်ကတော့ 'Crazy, Stupid, Love' ပါ "

ခေါင်းထဲမှာရှိသမျှ အတွေးတွေကို ထုတ်ပြောဖို့အတွက် ဆယ်ငါးမိနစ်လောက် ကြာပါတယ်။ ဒီ video ကိုတော့ ဘာပြင်ဆင်မှုမှ မရှိပဲ Youtube ပေါ် တင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ channel ကတော့ ရှိနေဦးမှာပဲဆိုပေမဲ့ ကျွန်တော် video တွေ ထပ်မတင်တော့ပါဘူး။ နောက်ဆုံး video ကိုတောင် privacy permission ကို private ပြောင်းခဲ့လိုက်ပါတယ်။

ကျွန်တော် ဒီ video ကိုတော့ အမှတ်တရအနေနဲ့ ထားချင်သေးတယ်။ ကျွန်တော့် channel ဒီကမ္ဘာမှာ ရှိနေသ၍ ဒီ video ကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

──────⊹⊱✫⊰⊹──────

အရိုင်းအစိုင်းအဖွဲ့ရဲ့ ခင်မင်မှုအခြေအနေကတော့ မြေကြီးထဲ ထိုးဝင်နေပါပြီ။ ကျွန်တော်တို့ ဘယ်လောက်ပဲ အရင်ကလိုပါပဲ လို့ ပြောပြော အရင်ပုံစံအတိုင်း မဟုတ်တာ လူတိုင်းလိုလို သိနေတဲ့ဟာ။ ကျွန်တော်တို့အဖွဲ့မှာ ရှိတဲ့ လေးယောက်က အတူတူ ရှိနေပေမဲ့ အဲဒီနေ့က ပျက်သွားခဲ့တဲ့ ဆက်ဆံရေးကတော့ ပြန်အဖတ်ဆယ်မရနိုင်တော့ဘူးရယ်။

ကျွန်တော် Khai ကို ဖာသိဖာသာပဲ စကားပြောတယ်။ အတန်းတူတူတက်ကြတယ်။ ညစာ တူတူ စားကြတယ်။ ဒါပေမဲ့ အချိန်တိုင်းလိုလို ကျွန်တော် Too နဲ့ Bone ကိုပဲ ပိုတွဲဖြစ်ပါတယ်။ Khai နဲ့ နှစ်ယောက်တည်း တွေ့တယ်ဆိုတာ ရှားသွားခဲ့ပြီ။ အရင်က အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားနေတာကြောင့်မို့ ကျွန်တော် Too နဲ့ ပိုပြီး ရင်းနှီးလာခဲ့တယ်။

Theory of Love (Official Myanmar Translation)Waar verhalen tot leven komen. Ontdek het nu