-ZAWGYI-
အခုချိန်ကတော့ ကျွန်တော် အိမ်ပြန်ရတော့မယ် ဆေးရုံဆင်းရတော့မဲ့ အချိန်ပါ.. မနေ့ညကတော့ ကျွန်တော် အမေနဲ့ ဖုန်းပြောခဲ့ပေမဲ့ Third နဲ့အတူဆက်ရှိနိုင်ဖို့အတွက် အမေ့ကိုမလာဖို့ ပြောထားလိုက်တယ်။ ပြီးတော့ သူ ကျွန်တော်ကြောင့် ပင်ပန်းနေမယ်ဆိုတာကို ကျွန်တော် သိပေမဲ့ ကျွန်တော်က တကိုယ်ကောင်းဆန်တဲ့ ခွေးသူတောင်းစားလေ.. ကျွန်တော် သူ့ကို ကျွန်တော်နားမှာပဲ နေစေချင်တာ..
ဆေးဝန်ထမ်းတွေကတော့ Third မောင်းနေကျ Black Sedan ကားပေါ်ကို တင်ဖို့ wheelchair နဲ့ တွန်းပို့ပေးကြပါတယ်.. ပစ္စည်းတွေ တင်ပြီးတဲ့နောက်မှာတော့ တံခါးကို ပိတ်လိုက်တော့တယ် ကျွန်တော် Steering wheel ကို ကိုင်ထားတဲ့ သူ့ကို ကြည့်နေမိတယ်
"ခါးပတ် ပတ်လေ"
သူပြောပေမဲ့ ကျွန်တော် နည်းနည်းလေးမှ မလှုပ်ချင်၊ မရှားချင်
"လုပ်ပေး.. ငါ့ပခုံး နာတယ်"
"မင်းကလေ တကယ့်ပြဿနာကောင်.."
သူက ပြောသာပြောနေတာ တကယ်က ကျွန်တော့်ကို ကူညီသားပဲ။ သူ ကျွန်တော်ဘက်ကို စောင်းလာပြီး လက်ဆန့်ထုတ်လိုက်တယ် နောက်တော့ ကုန်းလိုက်ပြီး ကျွန်တော်ခါးပတ်ပတ်ဖို့ကို ကူညီပေးပါတယ်။
"အင်း.. ငါ့နှာခေါင်းက မင်းကို ထိတော့မယ်"
ကျွန်တော် ရီလိုက်ကာ ကျတော့်နှာခေါင်းထိပ်ကို သူ့မျက်နှာနဲ့ ထိအောင် ကပ်လိုက်လေသည်။
"ပြောင်မနေနဲ့.. သေချာထိုင်.. မဟုတ်ရင် ငါ ကားမောင်းဖို့ အာရုံရမှာ မဟုတ်ဘူး"
သူပြောကာ ကားစက်ကို နှိုးလိုက်ပါတော့တယ်။ ကားကတော့ ကျွန်တော် ထင်သလောက် မတိတ်ဆိတ်ပါဘူး.. ကျွန်တော်တို့ စကားမပြောကြပေမဲ့ စက်ကနေ လာနေတဲ့ သီချင်းသံက ကျွန်တော်တို့ ကြားက အခြေအနေကို နေရမခက်အောင် နည်းနည်းထောက်ပံ့ပေးနေပါသေးတယ်။
"ပျင်းဖို့ ကောင်းတယ်"
"မင်း ဘာဖြစ်နေလဲ?"
"မင်း ဒီသီချင်းကိုပဲ နားထောင်နေတာလေ"
ကျွန်တော် ပြောတော့ သူကနောက်တပုဒ်ကို ပြောင်းဖို့ လုပ်လိုက်တယ်..
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019