-ZAWGYI-
လူတွေရဲ့ ဆက်ဆံရေးဆိုတာက ရုပ်ရှင်တခုလိုပဲ။
သူငယ်ချင်းဇာတ်လမ်းဆိုတာ သူငယ်ချင်းပဲ။ မိသားစုဇာတ်လမ်းဆိုတာလည်း မိသားစုပဲ။ အချစ်ဇာတ်လမ်းတွေဆိုတာလည်း ချစ်သူတွေပဲ။
ဒါပေမဲ့ တစ်ယောက်သောသူအတွက်တော့ .. ကျွန်တော် သူ့ကို ဘယ်အခြေအနေမှာ ထားရမယ် မသိဘူး။
ဒါမှမဟုတ် .. ကျွန်တော် သူ့ကို အခန်းလေး တခုထဲမှာ ဇာတ်အိမ်တည်ထားတဲ့ ဆိုက်ကိုဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့ပဲ ညွှန်းရမလား။
Click Click
"ကောင်းတယ် .. လက်ကို နည်းနည်းမြှောက်ပြီး ဆံပင်တွေကို လက်နဲ့ သပ်လိုက်.. ဟုတ်ပြီ အဲ့လို"
Click
"ကင်မရာကို တည့်တည့်ကြည့် .. နည်းနည်းလေး ကုန်းလိုက် ဟုတ်ပြီ အဲ့လို"
Model ရဲ့ ကိုယ်လုံးလေးပေါ်ကို ချိန်ထားတဲ့ ကင်မရာ မှန်ဘီလူးတွေက ကျွန်တော် ဂရုစိုက်တဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော် ဂရုစိုက်တာက ကင်မရာအတွင်းကနေ ကျွန်တော်ရဲ့ အာရုံတွေကို ဆွဲဆောင်နေတဲ့ အနက်ရောင် Bra လေးကနေ ပွင့်အံထွက်နေတဲ့ ရင်သားကြီးကြီး တစ်စုံပါပဲ။
"ဘာ pose ထပ်လုပ်ရမလဲ Too? ပြောဦးလေ"
"အိပ်ရာပေါ် လှဲလိုက် .. လှလှလေးတွေ ရိုက်ပေးမယ်"
ကျွန်တော့်မျက်လုံးတွေကတော့ ပိန်ပါးပါးကိုယ်လုံးလေးပေါ်မှာ။ သူကတော့ အိပ်ရာပေါ် ကျောချလှဲလိုက်တယ်လေ။ အချိန်ဖြုန်းမနေတော့ဘဲ ကျွန်တော် နောက်ကလိုက်သွားကာ သူမ အပေါ်ကနေ ရပ်ကာ နေရာယူလိုက်ပြီး ကင်မရာနဲ့ ချိန်ထားလိုက်တော့တယ်။
ဒီနေရာထောင့်လေးက တော်တော်ကောင်းတာပဲ.. ဓာတ်ပုံရိုက်ဖို့ အတွက်ရော ကျွန်တော်ရဲ့ ခံစားချက်အတွက်ရော။
Click
"ခြေထောက်ကို နည်းနည်းမြှောက်လိုက်.. အိပ်ရာပေါ် မှောက်လာပြီး ခေါင်းကို ကင်မရာဘက်ကို လှည့်ကြည့်"
"Too"
"အင်း"
"Shooting ရပ်လို့ မရဘူးလား?"
STAI LEGGENDO
Theory of Love (Official Myanmar Translation)
Storie d'amore-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019