CHAPTER 17 "The New Beginning of The Same Old Life" (III)

8K 920 19
                                    

-ZAWGYI-

ကျွန်တော် အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် ကျန်သူငယ်ချင်း ၂ ကောင်ကတော့ အရူးလိုပဲ Khai လည်ပင်းကို ပြေးပြီး သိုင်းဖက်ကြကာ

"အရူး Khai.. ငါ တောင်းပန်ပါတယ်!!!"

"ယီးပဲ!! ဖယ်!! ငါ့ကို လွှတ်!!"

အရှည်ကြီးကတော့ သူတို့ ၂ ယောက်ကို အချိန်တော်တော်ကြာအောင် တွန်းထုတ်နေပြီး နောက်ဆုံးမှာတော့ သူတို့ ၂ ယောက်လက်က လွတ်သွားပေမဲ့ ချက်ချင်းဆိုသလို ဆိုဖာပေါ်ကို ဆွဲခေါ်ပြီး ထိုင်စေကာ အကြီးအကျယ် ပွဲတွေ ခံနေပါတော့တယ်.. သူတို့ ၃ ယောက် အချိန်ကောင်းဖြစ်နေကြပြီး အော်ဟစ်နေကြတာလဲ မရပ်ပါဘူး..

သူတို့ ၃ ယောက် စုံရင် အဲမဲ အရူးတွေလိုပဲ ဆော့ကြ အော်ကြပါတယ်.. ဒါပေမဲ့ Khai ဘူတာမှာ ပစ်ထားခံလိုက်ရတာကို ကျွန်တော် မစဉ်းစားမိပဲ မနေနိုင်ပါဘူး.. သူ ဒီ ၂ ကောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်တာ ခံဖို့ ဒီကို ပြန်လာတာမှ မဟုတ်ပဲ.. အဲအချိန်မှာတော့ သူတို့ ၃ ကောင် ဟေးလေးဟားလား လုပ်လို့ ၀သွားတဲ့အချိန်မှာတော့ နာရီဝက်ကျော် အချိန်ကုန်သွားပါပြီ.. အဲနာရီဝက်ရဲ့ ပထမ တစ်၅ မိနစ်မှာတော့ တယောက်နဲ့ တယောက် ခြေထောက်တွေနဲ့ ကန်နေကြပြီး ကျန် တစ်၅ မိနစ်ကတော့ မတ်တပ်ရပ်နေကြကာ တယောက်နဲ့ တယောက် ဆဲဆိုနေကြတာပါ... အခုတော့ သူတို့ ထိုင်ချပြီး စကားကောင်းကောင်း ပြောနေကြပါတယ်..

"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ Khai ကို ဘူတာမှာ ပစ်ထားမိတယ် ဆိုတာကို သတိထားမိအောင် လုပ်ပေးတဲ့ Bone ကို ကျေးဇူးတင်ပါတယ်"

"အဲတော့ မင်း ငါတို့ကို ခွင့်လွှတ်တယ်မလား ငါ့ကောင်ကြီး?"

Bone က သွားဖြဲရယ်ပြကာ မေးလေသည်။

"မင်းတို့ကို ငါ ဘာပြန်ဖြေရမလဲ? မင်းတို့ အရူးတွေ.. နောက်တခေါက် မင်းတို့ မလိုက်ချင်ဘူးဆိုရင် ဖုန်းဆက်ကြ.. တယောက်ယောက်ကို စောင့်ရတာ တကယ့်ငရဲလိုပဲ"

"မင်းကို Third က လာကယ်တယ်လား? သူ မင်းကို အရမ်းတွေ စိုးရိမ်နေတာ"

"ဘယ်တုံးကလဲ?"

ကျွန်တော် ခပ်မြန်မြန် ပြန်ကာ ရန်တွေ့လိုက်ပါတယ်.. မင်းတို့ ၃ ယောက် ပြောနေတဲ့ စကားဝိုင်းထဲက ကျည်က ဘာကြောင့် နောက်ဆုံးမှာ ငါ့ဆီကိုပဲ လာလာမှန်နေရတာလဲ?

Theory of Love (Official Myanmar Translation)Where stories live. Discover now