CHAPTER 5 "Get over and move on" (III)

10K 1.2K 49
                                    

-ZAWGYI-

ကျွန်တော် ဒီတပတ်လုံး စာကြည့်တိုက်ထဲ ၀င်လိုက် ထွက်လိုက် လုပ်နေတာ တော်တော်ကြာပါပြီ.. အချိန်တိုင်းလိုလို ကျွန်တော်သူငယ်ချင်း ၃ ယောက်က ကျွန်တော်နောက်ကနေ အမြှီးလိုပဲ တွယ်ကပ်လိုက်လာကြတယ်။ ကျွန်တော်တို့ ဆက်ဆံရေးက အရင်လို ပြန်ဖြစ်ပြီ ထင်တာပါပဲ။ ကျွန်တော်ကိုယ် ကျွန်တော်လဲ ပိုပီး ကောင်းကောင်း ထိန်းချုပ်နိုင်လာတယ်။ အထင် အမြင်မှားတာတွေလဲ မရှိတော့ပါဘူး။ ကျွန်တော် Khai ရဲ့ ပုဂ္ဂိုလ်ရေးထဲ ၀င်မပါဖို့ ဆုံးဖြတ်လိုက်ထဲက နာကျင်မှုက တော်တော်လေး လျော့ကျသွားတာပဲ။

ခံစားချက်တွေ အကုန် မပျောက်သေးပေမဲ့လို့ အရင်ကထက်စာရင် ကျွန်တော် အများကြီး သက်သာနေပါပြီ။

ဒီနေ့တော့ ကျွန်တော်တို့ စာကြည့်တိုက် အလယ်တည့်တည့်က ခုံမှာ ထိုင်နေကြပါတယ်.. ဋ္ဌာနတိုင်းလိုလိုက ကျောင်းသားတွေက ဘေးပတ်ပတ်လည်မှာ ၀န်းရံထားရင်းပေါ့။ လူတော်တော်များများကတော့ ကျွန်တော်တို့ကို ကြည့်ကာ တစ်နာရီနီးပါး မရပ်မနား ပြုံးပြနေကြရဲ့။

Bone ကတော့ ပထမဆုံး စားပွဲကနေ ထရပ်ကာ အိမ်သာ သွားမယ် ပြောပါတယ်.. ပြန်လာတော့ သူ ပျော်ပျော်ကြီး လေချွန်ရင်း ပြန်လာတယ်။ ကြည့်ရတာတော့ ကောင်မလေး တယောက်ယောက်ရဲ့ LINE အကောင့် ရလာတယ် ထင်ပါတယ်။ Khai နဲ့ Too ကလဲ မဆိုးပါဘူး။ ဒီတပတ်လုံး စာကြည့်တိုက်မှာ ထိုင်ကြရင်း ကောင်မလေး တော်တော်များများနဲ့ ညအိပ်ခဲ့ပြီးပါပြီ

"Third.. ငါ အရမ်း ပျင်းတယ်.. မင်း laptop ငှားလို့ ရမလား?"

ကျွန်တော်နဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ သူက သူ့လက် ၂ ဖက်ကို ဆန့်ထုတ်ကာ တောင်းရင်း စောင့်နေပါတယ်

"ယူလိုက်.."

"porn လေး ဘာလေးမရှိဘူးလား?"

"ငါ က မင်း လား?"

"မင်း အဲလို ဖြစ်လာရင် ငါ မင်းကို ချီးကျုးမယ်"

Khai ကတော့ အချိန်ဖြုန်းဖို့ ကျွန်တော် laptop နဲ့ ဆော့နေရင်း ကျွန်တော်ကတော့ ဇာတ်ညွှန်းအတွက် အားသွန် ခွန်စိုက်နေလိုက်သည်။

Theory of Love (Official Myanmar Translation)Where stories live. Discover now