CHAPTER 13"Persistence Can't Conquer the World, Persistence Conquer Hearts"(III)

8.1K 958 17
                                    

-ZAWGYI-

အရိုင်းအစိုင်းတွေကတော့ ညနေ ၅ နာရီမှ လူစုခွဲကြပါတယ်.. ကျွန်တော် Khai ကို အိမ်ပြန်ပို့မယ်လို့ ပြောလိုက်ပါတယ်.. အဲတော့မှ ဘယ်သူမှ မသိအောင် Khai နဲ့ အတူ ကျွန်တော် ညစာ သွားစားလို့ ရမှာလေ.. Khai ကို သူ ဘယ်သူ့ကိုမှ မပြောတဲ့အကြောင်းကို သေချာအောင် ကျွန်တော် ထပ်ခါထပ်ခါ မေးနေမိပါတယ်.. အဲတော့မှ ကျွန်တော် စိတ်အေးအေးထားမိပြီး Too နဲ့ Bone က သူတို့ကို မပြောပြပဲ ကျွန်တော် ကတိမတည်ဘူးလို့ ဆဲမှာကို ပူနေစရာ မလိုတော့ဘူးလေ..

"တခုခု စားတော့မလား? အတန်းပြီးထဲက ငါ ဗိုက်ဆာနေပြီ"

Khai က အခု ကျွန်တော်ကို ပြောတော့မှ ကျွန်တော် ခေါင်းငြိမ့်ကာ သူ ပြောတာကို လက်ခံလိုက်သည်။

"မင်း ဘယ်ဆိုင် စားချင်လဲ?"

"အဲမှာ ဘူဖေးဆိုင် ကောင်းတယ်လို့ ပြောတယ်"

"အင်း"

ကျွန်တော်တို့ ဆိုင်ထဲကို လျှောက်ဝင်လာတဲ့အချိန်မှာတော့ Khai က တဖက်ခြမ်းမှာ သူ့ဂျိုင်းထောက်ကို ထားလိုက်ပြီးမှ ခုံမှာ ထိုင်လိုက်ပါတယ်.. ကျွန်တော်တို့ စားပွဲကို လှည့်လည်နေတဲ့ စားပွဲနားမှာ ထိုင်လိုက်ပါတယ်.. အနည်းဆုံးတော့ စားချင်တာ တခုခု လှမ်းယူဖို့အတွက် အဆင်ပြေတာပေါ့..

"ဘာသောက်ချင်လဲ? ငါ ပြီးရင် ယူပေးမယ်.."

"မင်း ဘာသာ မင်း လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ကို.. အဲတော့ ခေါင်းမာချင်ယောင်ဆောင် မနေနဲ့"

"ဒါပေမဲ့ ငါ အမြဲမင်းကို အဲလိုပဲ ဂရုစိုက်ပေးတာပဲလေ"

ကျွန်တော် သူနဲ့ ရန်ပြိုင်မဖြစ်ချင်တာမို့ ထရပ်လိုက်ကာ ခွက်သွားယူလိုက်တော့တယ်.. သောက်စရာကို သေချာ ထည့်ပေးလိုက်ပြီးမှ ခြေကျိုးကောင်ကို ခွက်ကမ်းပေးလိုက်လေသည်။

"ကျောက်ပတ်တီးက ဖြည်ရတော့မှာဆိုတော့ စိတ်ရှုပ်စရာတွေပြီးတော့မှာ"

ဒီငနာကတော့ ခပ်တိုးတိုး ပြောလိုက်ပြီးတော့မှ စားပွဲပေါ်က စားစရာ တခုကို လှမ်းယူလိုက်ပြီး တချို့ကို သူ့ပါးစပ်ထဲ ထည့်.. တချို့ကို သူ့ရှေ့က အိုးထဲကို ထည့်နေလေသည်။ အဲတော့ မင်း စားမှာလား စကားပြောမှာလား?

Theory of Love (Official Myanmar Translation)Where stories live. Discover now