-ZAWGYI-
ဒီနေ့အတွက် လေ့ကျင့်ရေး အခန်းကတော့ လုံးဝကို ရှုပ်ရှက်ခက်နေပါတယ်.. လူတိုင်းလိုလို သူတို့ အလုပ်ကိုယ်စီကို ပြီးအောင် လုပ်နေကြရတာမို့ တခြားကိစ္စ စိတ်ရောက်ဖို့ အချိန်မရှိပါဘူး.. ကျွန်တော် တယောက်ထဲ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ပြီးနေတာမို့ ဘာမှ လုပ်စရာ မရှိ။ ကျွန်တော် ဒါရိုက်တာတွေ ဖြစ်တဲ့ P' Chen ရယ် P' Un ရယ်နဲ့ အတူ ဖျော်ဖြေမှုကို ထိုင်ကြည့်နေလိုက်ပါတယ် ..
"Fann.. မင်း ခံစားချက်ကို သေချာ လိုက်ညှိလေ.. မင်း လိုက်ပြီး အားထည့်နေရင်း ဘာမှ အသုံးမ၀င်ဘူးဟ"
ဝက်ဝံစီနီယာကတော့ အမိန့်တွေ ပေးနေပါတယ်.. ပြဇာတ်ကို ပထမဆုံး ကဖူးတဲ့ ကျောင်းသားသစ်လေးကတော့ စိတ်လှုပ်ရှားလွန်ပြီး သူနဲ့ မနီးမဝေးမှာ ရှိနေတဲ့ ဖျော်ဖြေရေးအဖွဲ့ကို အကူအညီ တောင်းသလို ကြည့်နေပါတော့တယ်..
"Khai သရုပ်ဆောင်မယ်ဆို ပိုကောင်းမှာ"
"မပြောပါနဲ့ဗျာ စီနီယာ.. Khai က သေချာ သရုပ်ဆောင်နိုင်ပေးတယ်ဆိုပေမယ့် ကျွန်တော်တို့ ဂျုနီယာလေးကလဲ ကြိုးစားနေတာပဲလေ"
ကျွန်တော် စီနီယာ ပခုံးကို ပုတ်လိုက်ကာ နှစ်သိမ့်သလို ပြောမိလေသည်။ ပြဇာတ်က မစသေးပေမဲ့လို့ နောက် semester မစခင်အထိတော့ ကျွန်တော် စိတ်အေးလို့မရနိုင်သေးပါဘူး..
"မင်း ရည်းစားဘက်ကနေတောင် လိုက်မနေပေးတော့ဘူးလား?"
"Khai က ကျွန်တော်ရည်းစား မဟုတ်ပါဘူး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ.. အဲတော့ မင်း သူ့ကို လက်ခံနိုင်ပြီပေါ့?"
"နည်းနည်း.. သူ လုပ်နေတာတွေကို အခြေအနေ ကြည့်ပြီး"
"အင်း.. မြန်မြန် ကြည့်.. ငါ့ကို မင်းတို့ကြား ထပ်ဝင်ပါရအောင် မလုပ်နဲ့.. သေစမ်း!"
P' Un ကတော့ သူ့ဖုန်းကို သဲကြီးမဲကြီး ကြည့်နေပြီးမှ ၀င်ကာ ပြောလေသည်။
အဲဒါကတော့ အကုန်လုံးကို မြင်သိနေပြီး ကျွန်တော်ကို ကူညီချင်တဲ့ P' Chen ကြောင့် ဖြစ်ရတာပါ.. ဒါပေမဲ့ သူ မေ့သွားတာကတော့ ဒါ ကျွန်တော် ကိစ္စ ဆိုတာပဲလေ.. သူရဲ့ ရိုးသားတဲ့ သူငယ်ချင်းကိုတောင် ဆွဲထည့်ပြီး ဘာမှ မဆိုင်ပဲ Khai ဆီက ဒဏ်ချက်တွေ ရသွားတဲ့ P' Un ကို ကျွန်တော် အားနာနေရအောင်ပါ သူ လုပ်လိုက်တာလေ..
YOU ARE READING
Theory of Love (Official Myanmar Translation)
Romance-BOTH ZAWGYI/ UNICODE Available- Official Myanmar Translation Novel of Jittirain by Calico Published by Shwe Luck Book House Translation Start Date - 20/12/2018 Translation End Date - 12/4/2019