CHAPTER 17 "The New Beginning of The Same Old Life" (II)

7.3K 865 26
                                    

-ZAWGYI-

နောက်ဆုံးမှာတော့ ကျွန်တော်အတွေး မှားနေခဲ့တာကို သိလိုက်ရပါပြီ

"ငါ တောင်းပန်ပါတယ်"

"မင်း အမှားမှ မဟုတ်တာ.. မကောင်းတဲ့အကောင် ဖြစ်နေခဲ့တဲ့ ငါ့အမှားလေ.. မင်း မမှတ်မိဘူးလား?"

"မင်းကို မယုံခဲ့မိတာ တောင်းပန်ပါတယ်.. ဒီနေ့ မင်းကို ဒီလို ထားခဲ့မိလို့ တောင်းပန်ပါတယ်"

"အင်း.. မင်း ဖုန်းပိတ်ထားတယ်လေ.. မင်းကို ငါက စိုးရိမ်နေတာ.. မင်း အန္တာရာယ် တခုခုများ ရှိနေလားဆိုပြီး"

"အားလုံး ဘာမှ မဖြစ်ပါဘူး.. ငါက ဒီတိုင်း မင်းနဲ့ မတွေ့ချင်လို့"

"မင်းကလဲ အရမ်း ဒဲ့တိုးကြီး ပြောတာပဲ.. Too နဲ့ Bone ကရော? မဟုတ်မှလွဲ သူတို့ကရော ငါ့ကို မုန်းနေကြတာလား?"

"မဟုတ်ပါဘူး.. Too က ငါနဲ့ နေခဲ့မယ်ဆိုပြီး လုပ်တာ.. ပြီးတော့ Bone က ငါလိုက်မယ် ထင်ပြီး မင်းနဲ့ ငါ ၂ ယောက်ထဲ သွားပြီး နားလည်မှု လွဲနေတာကို ဖြေရှင်းနိုင်ဖို့ ဆိုပြီး လုပ်တာ.. ဒါပေမဲ့ နောက်ဆုံးမှာတော့"

"ငါ ဘူတာရုံမှာ ပစ်ထားခံလိုက်ရတယ်လေ..အဲကိစ္စအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"

သူ ပါးစပ်တပြင်ပြင်နဲ့ အဲလိုတွေ ပြန်ပြောနိုင်နေတာကို တွေ့ရပြန်တော့ ကျွန်တော် သူ့ကို ထပ်ပြီး မသနားနိုင်တော့ပါဘူး.. ငါ့မျက်ရည်တွေ ပြန်ပေးစမ်း...

"အိပ်မက်လို့ပဲ စဉ်းစားလိုက်ပေါ့"

ဒါကတော့ ကျွန်တော် သူ့ကို နှစ်သိမ့်ဖို့အတွက် လုပ်ပေးနိုင်တာ တခုထဲပါပဲ..

"ကောင်းတဲ့ အိပ်မက်လား ဆိုးတဲ့ အိပ်မက်လား?"

"မင်း အကြာကြီး စောင့်ခဲ့ရတာဆိုတော့ အိပ်မက်ဆိုးပဲ ဖြစ်မှာပေါ့"

"မဟုတ်ဘူး.. မင်း ငါ့နားမှာ မရှိနိုင်တာကမှ အိပ်မက်ဆိုး"

မပြောမဆိုနဲ့ နောက်စကား တခွန်း ထပ်ထွက်လာပြန်ပါပြီ။ အခု ကျွန်တော် ဘာလုပ်ရမယ် မသိပေမဲ့ လှည့်ပြီး ထွက်ပြေးလို့လဲ မရနိုင်ဘူးလေ.. မကြာခင်မှာတော့ ကျွန်တော် ရှက်နေတာကို Khai တော့ မြင်ရတော့မှာပဲ.. အင်း.. ကျွန်တော်က တကယ့်ကို ရွှေငါး ဦးနှောက်ပဲ.. ကျွန်တော် သူ့ကို သိပ်မကြာသေးခင် အချိန်တုံးကတော့မှ စိတ်ဆိုးနေခဲ့သေးတာကြီးကို

Theory of Love (Official Myanmar Translation)Where stories live. Discover now