~ 1 ~

9.9K 363 2
                                    

{Unicode}

" အကို​လေး... အကို​လေး စိတ်​ကို​လျှော့ပါ..."

"အကို​လေး ပြန်​ဆင်းခဲ့ပါ အကို​လေးရယ်​..."

"အကို​လေး..​တောင်းပန်​ပါတယ်​..။ မလုပ်​ပါနဲ့ ..။ ပြန်​ဆင်းခဲ့ပါ..."

"အကို​လေး........."

~ကျွန်​တော်​နားမ​ထောင်​ချင်​တော့ဘူး...။ ဘာကိုမှဂရုမစိုက်​ချင်​တော့ဘူး ..။ ပင်​ပန်းတယ်​....။ ပင်​ပန်းလွန်းအားကြီးတယ်​....။ ဒီ​လောကကြီး မှာ ဒီထက်​ပိုပြီး​တောင့်​ခံနိုင်​ဖို့ ကျွန်​တော်​အင်​အားမရှိ​တော့ဘူး...~

​အထပ်​၂၀ ခန့်​ရှိ​သော တိုက်​ကြီးတစ်​ခု၏ခေါင်​မိုးထပ်​ပေါ်တွင် အရာရာကို​စိတ်​ကုန်​နေ​သော​ကောင်​လေးတစ်​ယောက်​မျှော်​လင့်​ချက်​ကင်းမဲ့​စွာ ရပ်​နေ၏..။

​ရှေ့တိုးမလာနဲ့ ဟူ​သော သူတို့ အကို​လေး၏ အမိန့်​ဆန်​ဆန်​စကားတစ်​ခွန်း​ကြောင့်​သက်​တော်​စောင့်​များမှာလည်း​ရှေ့မတိုးနိုင်​ကြ..။

​ခြေလှမ်းတို့က တစ်​ဆင့်​ခြင်း​ရှေ့တိုးလိုက်​ချိန်​တွင်မူ တားမြစ်​သံတို့က ဆူညံစွာထွက်​ပေါ်လာ၏။

အရာရာကို ဂရုမစိုက်​တော့ပဲ လွတ်​လပ်​ခွင့်​ပေးလိုက်​ဟန်​ရှိ​သော​ကောင်​လေး၏ မျက်​နှာကား အကဲခတ်​ရခက်​စွာ ရှင်းလင်းတည်​ငြိမ်​လျက်​...

ဆူညံစွာ တားမြစ်​နေသည့်​ကြားက ညာဘက်​နှုတ်​ခမ်း​လေး​ကော့တက်​သွားကာ မျက်​လွှာအား စုံမှိတ်​လိုက်​ရင်း....

~နှုတ်​ဆက်​ခွင့်​ပြုပါ~

"အကို​လေး.........."

သက်​တော်​စောင့်​ဟုယူဆရ​သော ဝတ်​စုံအပြည့်​ဖြင့်​လူများက ထို​ကောင်​လေးထံ အသည်းအသန်​ပြေးသွားလိုက်​ကြ​သော်လည်း....

"အ.....!!"

"အကို​လေး .."

ရုတ်​တရက်​ဆောင့်​ဆွဲခံလိုက်​ရ၍​နောက်​ပြန်​ပြုတ်​ကျလာ​သော​ကောင်​လေး...။​မော့ကြည့်​လိုက်​တော့ ဖြူဖြူနုနု​ကောင်​လေး​တစ်​ယောက်​..။

~~ဘယ်​ကဘယ်​လို​ပေါ်လာတာလဲ....~~

အရပ်​က​ပုသည့်​အထဲ၌ မပါ​သော်လည်း ကျွန်​တော့်​ထက်​တော့ ပုမည့်​ပုံ..။ တကိုယ်​လုံး all black ဝတ်​ဆင်​ထားသည့်​အပြင်​ဦးထုပ်​အနက်​လေးကလည်း​ဆောင်းထား​သေး၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now