~16~

891 84 4
                                    

#Unicode

ကောင်လေးတစ်ယောက်သည်ကား အိပ်ဆောင်အနောက်ဘက်၌ ပုန်းခိုရင်း ဟိုဟိုဒီဒီချောင်းကြည့်နေရှာ၏။

ဟိုကြည့်ဒီကြည့်၊ ဟိုပုန်း ဒီပုန်းဖြင့် ကြိုးစားအားထုတ်ခဲ့ရာ အိမ်တော်အနောက်ဘက်တံတိုင်းဆီသို့ရောက်လာချေ၏။

အိမ်တော်အနောက်ဘက်သို့ရောက်တော့ ဟိုဟိုဒီဒီ ပတ်ရှာနေချေသည်။

"ဟင် လှေကားလေးရော..."

"ဘယ်ရောက်သွားပါလိမ့်..."

"ကျော်တက်ရအဆင်ပြေအောင် ဟိုနေ့ကမှ ငါကိုယ်တိုင် လာထားထားတာလေ..."

"ဘယ်ရောက်သွားတာတုန်း..."

တစ်ယောက်တည်း ရေရွတ်ရင်း လိုက်ရှာနေပါသော်လည်းမတွေ့။ ထို့ကြောင့် လက်လျှော့လိုက်ကာ ကိုယ့်အားကိုယ်ကိုးရင်း ကျော်တက်ရန်ပြင်ရတော့သည်။

အုတ်တံတိုင်းကျော်ချပြီး၍ အင်္ကျီများသေချာခါလိုက်ကာ နောက်လှည့်လေတော့ ထုံးစံအတိုင်း နောင်ကြီးက လက်ပိုက်ကာ ရပ်စောင့်နေရှာ၏။

"နောင်ကြီးက ဗျာ...၊ ဒီလိုလုပ်နေမယ့်အစား အိမ်ရှေ့ပေါက်ကနေ အတူတူ ခေါ်ထွက်သွားပါလား...

ငယ်လေး ပင်ပန်းအောင် ခိုးထွက်ခိုင်းနေသေးတယ်..."

"ငယ်လေးကိုပါ ခေါ်ပြီး အိမ်တော်ရှေ့ကနေ မျက်နှာချီပြီးထွက်ရအောင် နောင်ကြီးက အရူးမှမဟုတ်ပဲ ငယ်လေး...

တစ်ရက်ကို ပြဿနာပေါင်း တစ်သောင်းနဲ့ခြောက်ထောင်ရှင်းနေရတဲ့အချိန်မှာ တစ်ရက်တစ်လေလေး မရှင်းရတာ နောင်ကြီးအတွက် လောကနိဗ္ဗာန်ပဲ..."

နောင်ကြီး၏ စကားကြောင့်နှာခေါင်းရှုံ့လိုက်ပြီးထွက်ခွါရန်ပြင်တော့ အရပ်သားဝတ်စုံလေးဝတ်ထားပါသော လူငယ်လေးတစ်ယောက်အား တွေ့လိုက်ရ၏။

ဟိုဟိုဒီဒီ ကျီးကန်းတောင်းမှောက်ကြည့်ရင်း ကော့တော့ကော့တော့ လျှောက်လာပါသော အနှီလူငယ်လေးသည်ကား မဘုရား...

နောက်ဆုံးတွင်ကား စပ်စလူး နှစ်ယောက်ပြန်ပေါင်းမိပြန်ပြီမလို့ နောင်ကြီးသည်ကား နဖူးကိုသာ လက်ဖျားတို့ဖြင့်ပွတ်နေမိချေ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now