#Unicode
အိပ်ဆောင်တစ်ခု၌ ကောင်လေးတစ်ယောက် သည်ကား လက်ထဲမှ ပစ္စည်းတစ်ခုအား စိတ်ဝင်တစား ထုဆစ်ပုံဖော်နေ၏။
မျက်နှာပေါ်မှ အပြုံးနုနုသည်ကား သူ၏ လက်ရာအား အားရကျေနပ်နေသယောင်ယောင်...
အာရုံအပြည့်စူးစိုက်ထားပုံက ထိုပစ္စည်းလေးမှာ အရေးပါသည့် ပစ္စည်းတစ်ခုဖြစ်ဟန်တူသည်။
ကြိုးစားပုံဖော်လာမှုကြောင့် လက်ထဲမှ ပစ္စည်းလေးသည်ကား ပန်းပွင့်လေး တစ်ခုအသွင်လို့ ကူးပြောင်းလာချေ၏။
သေချာ ကြည့်ပါက ထိုပစ္စည်းလေးသည်ကား ပန်းပွင့်ပုံ ကျောက်စိမ်းပြားလေးပင်...
ထို့နောက် ဘေး၌ ချထားသော လှပစွာ ကျစ်ထားသည့် အနီရောင်ချည်ကြိုးလေးတစ်စုအား ကောက်ယူလိုက်ကာ အပေါက်ဖောက်ထားသော ကျောက်စိမ်းပြားလေး၌ ချိတ်ဆွဲလိုက်သည်။
ဖဲဖြားသဏ္ဍာန် ကျစ်ထားသည့် ထို ချည်ကြိုးလေးသည်ကား ကျောက်စိမ်းပြားလေးနှင့် ပနံသင့်လှစွာ...
ထို့နောက် အပေါ်၌ဖောက်ထားသည့် အပေါက်ကလေး၌မူ အပန်းဖျော့ရောင် ၊ တစ်နည်းအားဖြင့် အသားရောင်လေးနှင့် ခပ်ဆင်ဆင်တူသည့် သာမန် ချည်ကြိုးလေးအား ချည်လိုက်၏။
ထို့နောက် အပေါ်မှ ချည်ကြိုးလေးအား လက်ညှိုးလေးနှင့်ချိတ်ဆွဲကိုင်လိုက်ရင်း ကျောက်စိမ်းပြားလေးအား လက်ဖဝါးလေးပေါ်တင်ကာ တစိမ့်စိမ့်ကြည့်နေလေသည်။
"အဟမ်း အဟမ်း..."
ချောင်းဟန့်သံကြောင့် ကျောက်စိမ်းပြားလေးအား တစိမ့်စိမ့်ကြည့်နေပါသော ငယ်လေးတစ်ယောက် လန့်သွားကာ ပြာယာခတ်သွား၏။
ထို့နောက် လက်ထဲမှ ကျောက်စိမ်းပြားလေးအား အသည်းအသန် ဖွက်ထားလိုက်ရင်း...
"ရောက်ရင်လည်း ရောက်နေကြောင်း အသိပေးလေ... နောင်ကြီးရဲ့.. "
"နောင်ကြီး အသိပေးသားပဲ။ နောင်ကြီး ဝင်လာတာတောင်မသိပုံထောက်ရင် ငယ်လေး ဘာတွေများ တွေးနေပါလိမ့်ဗျာ..."
"ဘာ.. ဘာမှမတွေးဘူး...။ ပြော..၊ ဘာလာလုပ်တာလဲ..."
"အလို ၊ ကျုပ်က သခင်လေးရဲ့ ကိုယ်ရံတော်လေဗျာ။ ဒီ မလာလို့ ကျုပ်က ဘယ်သွားနေရမတုန်း..."
![](https://img.wattpad.com/cover/185365688-288-k725278.jpg)
ESTÁS LEYENDO
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasíaကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...