~29~

681 77 7
                                    

#Unicode

"တစ်ကယ်တော့ သားငယ်လေးက တော်ဝင်သွေးသားပါပဲ...."

"ဘယ်လို...!!!"

"အမေ ! ဒီအကြောင်းကို သားငယ်ကိုလည်း မပြောဖူးပါ့လား..."

"သားငယ်ရယ်..! အမေ့ သားငယ်လေးကို အဆုံးရှုံးမခံနိုင်လွန်းလို့ပါကွယ်..."

"ဒါဆို အဒေါ်တို့က...?"

"အဒေါ်တို့က သာမန်လူတွေပါ..."

"ဒါဆို.. မောင်ငယ်က ဘယ်လိုလုပ်ပြီး..."

ထိုအခါ အားယူ​ကာ ပြောပြနေရသော အဒေါ်က ထိန်းချုပ်မထားနိုင်တော့ပဲ ငို၏။ အဘ ကမူ ကျောကို အသာပုတ်ပေးရင်း နှစ်သိမ့်ပေးနေသည်။

"ဒီအကြောင်းကိုပြောမပြချင်တာတော့ အမှန်ပါ မင်းသမီးလေးရယ်။ အဓိကက အဘတို့သားငယ်လေး စိတ်ဒဏ်ရာ ရသွားမှာကို မလိုလားဘူး...

ဒီမှာပဲ အဘတို့နဲ့ အေးအေးချမ်းချမ်း ဘဝကိုဖြတ်သန်းစေချင်တာ...

မင်းသမီးလေးနဲ့မှ တွေ့ဆုံဖို့ အကြောင်းဖန်လာပြီး ဒီလိုတွေဖြစ်လာပုံကိုထောက်ရင် ကံကြမ္မာဆိုတာမျိုးက သတ်မှတ်ပြီးသားနဲ့ တူပါရဲ့..."

"အဘတို့ ဆိုလေတော့ အဘတို့က သာမန်မိသားစုလို့ဆိုတယ်။ မောင်ငယ်ကကျ တော်ဝင်သွေးသားဆိုတော့ အဘတို့က ဘာကို​ဆိုလိုချင်တာပါလိမ့်..."

မောင်ငယ်ကမူ အံ့သြမှုများ ယှက်နွယ်နေသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

"တစ်ကယ်တော့....."

"......"

"တစ်ကယ်တော့ ရန်လေး က အဘတို့ရဲ့ သားအရင်း မဟုတ်ချေဘူး..."

"ဗျာ..!!"

"ဘယ်လို...!!"

"အဖေ..!! အဖေတို့လိမ်ညာနေတာမဟုတ်လား။ အခုအချိန်အထိ အဖေ တို့ရဲ့ သားငယ်အဖြစ် ပျိုးထောင်လာခဲ့ပြီးမှ အခုမှ သားငယ်က အဖေ တို့ရဲ့ သားမဟုတ်ဘူးတဲ့လား...

အမေ...!! ဖြေပါဦး...!!"

အဒေါ်ကမူ ငို၍သာနေ၏။ မောင်ငယ်ကမူ အားကိုးအားထားပြုရသော ကောင်းကင်ကြီး ပြိုကျသွားသည့်နှယ် စိတ်အစဥ်တို့ လဲပြိုလျက်ရှိ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now