#Unicode
သံတမန်မင်းသမီးလေးနှင့် နောင်ကြီးတို့ထွက်လာချိန်တွင်မူ ရဲမက်များက ပြာယာခတ်စွာ လာခေါ်ကြချေ၏။
နောင်ကြီးက အကျိုးအကြောင်းရှင်းပြပြီး သမားတော်အား ခေါ်စေသည်။
ထို့နောက် လိုအပ်သည်များ၊ မှာကြားစရာရှိသည်များ မှာကြားနေ၏။
သမားတော် ကုသနေစဥ်တစ်လျှောက် အနားတွင်ရှိနေကာ လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးနေ၏။
ဤသည်ကိုပင် ဒဏ်ရာ ရနေသူ မင်းသမီးလေးက ကြည်နူးစွာ ကြည့်နေချေသည်။
သတိလုံးဝလွတ်ထွက်မသွားသည့် အနှီမင်းသမီးလေးကိုမူ အတော်ပင် ချီးကျူးမိလေသည်။
ထိုစဥ် အပြင်မှ ရုတ်ရုတ်သဲသဲအသံကြားလိုက်ရ၏။
မင်းသမီးမှာ သူ၏ အင်္ကျီစအား တင်းကြပ်စွာဆွဲကာ ကုသမှုကို အံကြိတ်ခံနေရသည်ကြောင့် ချက်ချင်းထမသွားနိုင်ဖြစ်နေလေ၏။
သို့သော် အသံများက ပို၍ဆူညံလာကာ တဲအတွင်းသို့ မဘုရား တစ်ယောက် အသည်းအသန်ပြေးဝင်လာခဲ့သည်။
တဲထဲမှ အခြေအနေအား မြင်သွားတော့ ရုတ်တရက် ရပ်တန့်မိသလို ဖြစ်သွား၏။
သို့သော် အချိန်ကြာကြာ ရပ်တန့်မနေမိပဲ...
"အမောင်..၊ ကယ်ပါဦး...!! အမောင် ခုချက်ချင်း သွားကြည့်မှဖြစ်မယ်..."
ထိုအခါ ဒဏ်ရာရနေသူ သံတမန်ကြီးသည်ကား ဘဝင်မကျစွာ စိုက်ကြည့်လေ၏။
အမောင်ရှားကမူ တစ်ဝက်တစ်ပျက်သောစကားများအား နားမလည်နိုင်စွာ ကြောင် အ နေသေးသည်။
"မောင်ငယ်၊ မောင်ငယ်ကို ကယ်ပါဦး အမောင်...!!"
ထိုအခါမှ ဝုန်းခနဲ ထထွက်သွားပါသော အမောင်ရှား...
သံတမန်မင်းသမီးလေးပင် ကြောင် အ စွာကျန်ရစ်ခဲ့သည်။
မဘုရားသည်ကား အနောက်မှ ပြေးကာလိုက်သွားချေ၏။
တဲအပြင်ဘက်တွင်တော့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။
ရှာဖွေသူများကလည်း အသည်းအသန် ရှာဖွေနေကြ၏။
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...