~12~

1.1K 128 10
                                    

#Unicode

တိမ်စိုင်တိမ်တိုက်တို့ ကင်းစင်လျက်ရှိသော မနက်ခင်းလေးတစ်ခု၌ နေမင်းကြီးသည်ကား သူ၏ တာဝန်အရပ်ရပ်ကိုထမ်းဆောင်ရန် ထွက်ပြူလာခဲ့၏။

နေမင်းကြီး ထွက်လာသည်နှင့်အမျှ အိမ်တော်ရှိ လူအများသည်လည်း ကိုယ်တာဝန်ကျရာအလုပ်များ လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။

ငှက်ကလေးတို့က သာယာစွာ သီကြွေးရင်း ပျော်မြူးစွာ ပျံသန်းလျက်ရှိ၏။

လေနုအေးလေးသည်လည်း ငှက်ကလေးများနှင့်အပြိုင် ပျော်မြူးစွာ ပြေးလွှားနေသယောင်ယောင်...

ထိုစဥ် လူတစ်ဦးသည်ကား စာအုပ်ထုပ်လေးကိုင်ဆောင်ကာ အိပ်ဆောင်တစ်ခုဆီ ခပ်သွက်သွက်ဦးတည်နေ၏။

ပါးစပ်ကလည်း ပွစိပွစိ ရေရွတ်နေသယောင်ယောင်...

"သခင်လေးကတော့ ပြဿနာရှာပြန်ပြီ။ စာသင်ဖို့ အတန်းရှိသေးတာကို မေ့နေပြန်တာလား...

မေ့ချင်ယောင်ဆောင်နေတာလား မသိဘူး...

သခင်ကြီးသိရင်တော့ ဆူခံရဦးမှာပဲ...

ပညာရေးအမတ်ရဲ့သားက အတန်းတွေ ခဏခဏ ပျက်နေတာသာ လူတွေ အပြောမျလာခဲ့ရင်....

အမလေး.. မတွေးဝံ့ဘူး... မတွေးဝံ့ဘူး...

အမလေး သခင်လေးရဲ့... ကျွန်တော်မျိုး အသက်နဲ့ ခန္တာမြဲချင်ပါသေးရဲ့ သခင်လေးရယ်..."

တိုးတိတ်စွာ ရေရွတ်ရင်း ခပ်သွက်သွက် လျှောက်လှမ်းနေပုံက စိတ်ပူပန်မှုအပြည့်...

*ဒေါက် ဒေါက်..*

"သခင်လေး.."

"......"

"သခင်လေး...၊ အတန်းတက်ဖို့ နောက်ကျ ပါတော့မယ်..."

"...."

"သခင်လေး...၊ ကိုယ်လက်သန့်စင်ပြီးရင် မြန်မြန်ထွက်လာခဲ့ပါတော့..."

*ဒေါက် ဒေါက်...*

"သခင်လေး..၊ ဒီထက် နောက်ကျရင် အဆူခံရပါလိမ့်မယ် သခင်လေး..."

"....."

"သခင်လေး စိတ်မရှိရင် အကူအညီပေးနိုင်ဖို့ ကျွန်တော်မျိုးကို ဝင်လာခွင့်ပြုပါ.."

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now