#Unicode
ဧည့်နန်းဆောင်၌မူ လူငါးယောက်သည်ကား ပူဆွေးမှုများ ထွေးပိုက်လျက် ရှုပ်ထွေးလွန်းလှသော အခြေအနေကြီးအား ဖြေရှင်းရန် ကြိုးစားနေကြ၏။
မောင်ငယ်၏ မျက်နှာသည်ကား အချိန်ကြာလာသည်နှင့်အမျှ ဖြူဖျော့လာခဲ့သည်။ တုန်ယင်နေသော လက်အစုံအားလည်း သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ချေ။ မျက်ဝန်းများကမူ အတင်းအကြပ်တည်ငြိမ်နေစေရန် ထိန်းချုပ်ခြင်း ခံထားရသယောင်ယောင်...
ခပ်တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းအစုံသည်ကား မသိမသာ တုန်ရီလျက်ရှိ၏။ အတန်ကြာတိတ်ဆိတ်နေသော ဧည့်နန်းဆောင်သည်ကား အနောက်ပိုင်းပြည်မှ အိမ်ရှေ့စံမင်းသမီးလေး၏ စကားစလိုက်သံကြောင့် ပြန်လည် အသက်ဝင်လာခဲ့သည်။
"စစ်ပွဲကြီးဟာ အမောင်ရှားကိုယ်တိုင် လာရောက်ပြီး ခုခံတိုက်ခိုက်ချိန်ကစလို့ ခုနှစ်ရက်၊ ခုနှစ်လီတိုင် နေ့ရောညပါ မနားပဲ တိုက်ခိုက်ခဲ့ကြတယ်။
၇ ရက်လုံး မရပ်မနား တိုက်ခိုက်နေကြရတာကြောင့် ရဲမက်တွေဟာလည်း တဖြည်းဖြည်း ပင်ပန်းလွန်းလာကြတယ်။ ကျဆုံးသွားကြသူတွေကလည်း များပြားသလို ဒဏ်ရာ ရတဲ့သူတွေကလည်း အမြောက်အမြားပဲ....
အဲ့ဒီအချိန်အထိ အနိုင်အရှုံးမပေါ်ခဲ့ဘူး။ ရဲမက်တွေဟာလည်း ပင်ပန်းလွန်းတဲ့တိုင်အောင် အလျော့မပေးကြဘူး။ အမောင်ရှားတို့ကပိုဆိုးတာပေါ့။ တိုင်းပြည်ကြီးကို ကာကွယ်နေခဲ့တာလေ....
ဟောဒီ တိုင်းပြည်က စစ်မက်ရေးရာအမတ်ကြီးနဲ့ ဘဏ္ဍာရေးအမတ်ကြီးတို့ရဲ့ အကူအညီနဲ့ နန်းမြို့တော်အနီးအနားကို ရောက်သည်အထိ ချီတက်နိုင်ခဲ့ပေမယ့် အမောင်ရှားရဲ့ ခုခံမှုကိုတော့ မကျော်လွှားနိုင်ခဲ့ဘူး။
ရှက်ရွံ့မိပေမယ့် အမတော်တို့ တိုင်းပြည်က သစ္စာဖောက်တွေရဲ့ အကြံအစည်ကိုတော့ဖြင့် လက်ခံခဲ့ရိုးအမှန်ပါ။ ထိုသူတို့ဟာ ဟောဒီတိုင်းပြည်ကို အုပ်ချုပ်ပြီး မင်းလုပ်ချင်ကြသတဲ့.....
ညီမတော်တို့ အနောက်ပိုင်းပြည်အနေနဲ့ သူတို့အတွက် ချီတက်တိုက်ခိုက်ပေးပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ကူညီမယ်ဆိုရင် ထိုသူတို့ မင်းဖြစ်တဲ့အခါ ယခုရရှိနေတဲ့ သယံဇာတထက် သုံးဆပိုတဲ့ ပမာဏကို နှစ်စဥ် ကြည်ကြည်ဖြူဖြူ ဆက်သပေးမယ်လို့ဆိုချေတယ်။
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...