~15~

978 91 1
                                    

#Unicode

"ရောဂါ ဖြန့်ကြမှာ..."

အံ့သြမှုများ ရောနှောနေသော သံပြိုင်စကားတစ်ခွန်းသည်ကား သုံးယောက်လုံး၏ စိတ်အစဥ်ကို အဆမတန်တုန်လှုပ်စေခဲ့၏။

"သူတို့ ဘယ်လိုစိတ်နဲ့များ ကြံစည်ရက်ကြပါလိမ့် မောင်ငယ်..."

"ဒီသတင်းသာ သေချာရင် ကျွန်တော်မျိုးတို့ ဘယ်လိုနည်းနဲ့မှ နှောင့်နှေးနေလို့ မဖြစ်ချေဘူး မင်းသမီးလေး...

အချိန်နည်းနည်းလေးဖြစ်စေ နောက်ကျရင်တောင် ပြည်သူတွေ အန္တရာယ်ကြုံရလိမ့်မယ်..."

"တို့ဘယ်လိုလုပ်ကြမလဲ..."

"ဂိုဒေါင်ဖောက်မယ်..."

"ဘယ်လို မောင်ငယ်..."

"ဟုတ်တယ် မင်းသမီးလေး။ ငယ်လေး ပြောသလို ဂိုဒေါင်ဖောက်မှရမယ်။

ဒီအခြေအနေအရ ကျွန်တော်မျိုးတို့ဘက်က ဘယ်လိုနည်းနဲ့မှ ဆေးရွက်စုဆောင်းနေဖို့ အချိန်မရှိဘူး..."

"ဒါဆို ဘယ်အချိန်ဖောက်ကြမလဲ..."

"မဘုရား လွှတ်ထားတဲ့ သူလျှိုမိန်းကလေးတွေရဲ့ အကူအညီနဲ့မှရမယ်..."

"ဒီညပဲ ဖောက်လိုက်ကြဖို့ မဖြစ်နိုင်ဘူးလား.."

"မဖြစ်ဘူး မင်းသမီးလေး။ သူတို့ ရောဂါဖြန့်တဲ့ အချိန်မတိုင်ခင်လေးတင် ဖောက်နိုင်မှဖြစ်မယ်...

မဟုတ်ရင် ကျွန်တော်မျိုးတို့ ခြေလှမ်းတွေကို ရိပ်စားမိပြီး အစီအစဥ်ပြောင်းသွားကြလိမ့်မယ်။ အဲ့ဒီအခါ ကျွန်တော်မျိုးတို့အနေနဲ့ ပိုပြီး အခက်တွေ့ပါလိမ့်မယ်..."

"ကောင်းပြီ၊ ဒါဖြင့် တို့ စုံစမ်းလိုက်ပါ့မယ်.."

"သိုသိုသိပ်သိပ်တော့ လှုပ်ရှားရမယ်နော် မဘုရား။ တစ်ခုခု ချွတ်ချော်သွားလို့ မဖြစ်ဘူး။ သိလား..."

"တို့သိပါတယ်..."

°°°°°°°°
ဤသို့ဤနှယ်တိုင်ပင်ပြီးကြ၍ အခြေအနေကိုစောင့်ဆိုင်းနေကြစဥ် တစ်ဖက်ရန်သူသည်ကား ခြေလှမ်းစိပ်လာခဲ့၏။

တစ်နေ့ မဘုရားဆီမှ စာရောက်လာ၍ သုံးယောက်သား ဆွေးနွေးကြပြန်သည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now