~35~

711 61 4
                                    

#Unicode

ညနေစောင်းအချိန်၌မူ အိမ်ရှေ့စံသည်ကား အချုပ်ခန်းဆီသို့ရောက်ရှိလာခဲ့၏။ ရဲမာန်ကမူ ထိုနေရာ၌ပင် ရပ်စောင့်နေရှာ၏။ အိမ်ရှေ့စံကမူ အသာရပ်ကြည့်လိုက်ရင်း အမတ်ကြီးထံသို့ လျှောက်လှမ်းသွားခဲ့သည်။

အမတ်ကြီးအား သီးသန့်အချုပ်ခန်းထဲ၌ ထည့်သွင်းထားလေ၏။ အာဏာရှိသူ တစ်ယောက်ဖြစ်သည်ကြောင့် ရဲမက်များကလည်း သူ၏ လူများပင်။ ရိုရိုသေသေ ဆက်ဆံသည့်အပြင် အမိန့်လည်း နာခံတတ်ကြသေးသည်။ စစ်မက်ရေးရာအမတ်ကြီး၏ ညွှန်ကြားချက်ကြောင့်ပင် ဖြစ်ချေလိမ့်မည်။

အိမ်ရှေ့စံ ရောက်ရှိသွားတော့ တံခါးဖွင့်ပေး၏။ အိမ်ရှေ့စံက မျက်ခုံးအသာပင့်ကာ စိုက်ကြည့်ပေးလိုက်တော့ ထိုရဲမက်သည်ကား ချက်ချင်း ဒူးထောက်ကာ သူမှားကြောင်းပြောကာ ခွင့်လွှတ်မှုတောင်းခံ၏။

ထိုအခါ အချုပ်ခန်းထဲမှ အမတ်ကြီးသည်ကား....

"အိမ်ရှေ့စံမင်းသား တစ်ပါးကို ယခုလို နိမ့်ကျတဲ့နေရာအထိ ခေါ်မိတဲ့အတွက် စိုးရွံ့မိပါတယ်။ ကျွန်တော်မျိုးကို ငဲ့ညှာတဲ့အနေနဲ့ ခဏတာ သည်းခံပေးရင်ဖြင့် အတော်ပျော်မိမှာပါ မင်းသားလေး..."

ထိုအခါ အိမ်ရှေ့စံက ခြောက်ကပ်စွာ တစ်ချက်ရယ်၏။ ထို့နောက် ခေါင်းတငြိမ့်ငြိမ့်နှင့်ပင် အမတ်ကြီးထံသို့ လျှောက်လှမ်းသွားခဲ့သည်။

"ကျုပ်ကို လျှောက်တင်ချင်တာလေးရှိတယ်ဆိုတာ ဘာပါလိမ့် အမတ်ကြီး..."

"အရှင်မင်းသား စစ်မက်ရေးရာအမတ်ကြီးရဲ့ လျှောက်တင်လွှာကို ဖတ်ရှုပြီးပြီလား ဘုရား..."

"ပြီးပြီ..."

"ဒါဖြင့် ကျွန်တော်မျိုး လျှောက်တင်မယ့်အကြောင်းအရာကို အရိပ်အမြွက်တော့ သိရောပေါ့ ဘုရား..."

"........"

"အရှင်မင်းသား...!"

အမတ်ကြီး ၏ ခေါ်သံကြောင့် မျက်လုံးကို အသာဝင့်ကာ ကြည့်မိသည်။ အကြံအစည် ကြီးကြီးမားမား ရှိဟန်တူသော အမတ်ကြီးက ယုံကြည်ချက် အပြည့်ပင်။

"အရှင်မင်းသား ထီးနန်းမလိုချင်ဘူးလားဘုရား...!"

"ထီးနန်း? ဟုတ်စ..? ကျုပ်ကို ပုန်ကန်ဖို့ ပြောနေတာလား..."

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Donde viven las historias. Descúbrelo ahora