~9~

1.3K 132 3
                                    

#Unicode

တိမ်စိုင် တိမ်တိုက်တို့က လေယူရာ ရွေ့လျားရင်း ကောင်းကင်ပြာကြီး၏ အလှအား ထပ်ဆောင်းလှပနေစေ၏။

ဟိုတစ်ကွက် ဒီတစ်ကွက် တိမ်မျှင်ကလေးများကလည်း လောကကြီးရဲ့ အလှအား ထပ်ဆောင်းဖော်ကျူးနေ၏။

သူရိန်နေမင်းကြီးကမူ ဝံ့ဝံ့ကြွားကြွား တောက်ပလျက် လောကတစ်ခွင် အလင်းဆောင်လျက်ရှိ၏။

တစ်နေ့တာ တာဝန်ပြီးဆုံးပြီဖြစ်ကာ နှုတ်ဆက်ချိန်တန်ပေပြီမို့ ရောင်ခြည်တို့အား ပုစွန်ဆီရောင် ပြောင်းကာ လောကကြီးအား နှုတ်ဆက်နေရှာ၏။

လှပသည့် ရောင်ခြည်နုနုတို့သည်ကား ပုဂံမြေအား ထပ်ဆောင်းလှပနေစေသည်။

ပုဂံဘုရားများအပေါ် ကျရောက်နေသည့် ရောင်ခြည်နုနု နှင့်တကွ၊ ကောင်းကင်ပြာကြီးအပြင် လေယူရာ ကကုန်လျက်ရှိသော တိမ်စိုင်တိမ်တိုက်တို့ဖြင့် လောကကြီးသည်ကား ကျက်သရေ အတိပြီး၏။

ကျွန်တော်သည်ကား  အခန်း ဝရံတာ မှ တစ်ဆင့် လေညှင်းလေးအား နှုတ်ဆက်ရင်း ဝင်လုဆဲ နေမင်းကြီးအား စောင့်ကြည့်နေမိသည်။

"အကိုလေး.. နားလိုက်ပါတော့။ မနက်ဖြန်မှ hotel တွေ လိုက်စစ်ကြဖို့ ဘွားလေး က ပြောပါတယ်..."

"ကောင်းပြီ..."

ကိုယ်ရံတော် တစ်သိုက် ထွက်သွားပါမှ ကျွန်တာ့် အကျင့်အတိုင်း ဝရံတာ လက်ရမ်းပေါ် တက်ထိုင်လိုက်သည်။

နေမင်းကြီးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။

အမှောင်မင်းသားတို့က နေရာယူလာကြ၏။

လမင်းကြီးသည်လည်း တောက်ပသည့် ကြယ်စင်အပေါင်းခြံရံလျက် အိ​န္ဒြေကြီးစွာ ထွက်ပေါ်လာခဲ့ပြီ။

နေခြည်နုနုအစား လေနုအေးလေးတို့က အစားဝင်ရောက်လာချေ၏။

ကျွန်တော်သည်ကား ဝရံတာလက်ရမ်းပေါ် ထိုင်လျက် ခြေကို ချထားလိုက်သည်။

လက်အစုံကိုမူ လက်ရမ်းအား အားပြုထောက်ထားလိုက်၏။ ထို့နောက် ခေါင်းကိုမော့ကာ လေနုအေးလေးအား အပြည့်အဝခံစားလိုက်မိသည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now