~44~

886 62 7
                                    

#Unicode

ညတစ်ည၏ အလင်းရောင်သည်ကား ပုံမှန်ထက်ပင် ပို၍ မှောင်မိုက်လျက်ရှိ၏။ လေအေးအေးလေးသည်မှာလည်း ခပ်ဖြည်းဖြည်းတိုက်ခတ်နေရှာသည်။ သို့သော်ငြား ထိုညသည်ကား ပုံမှန်ထက်ပို၍ အေးစက်နေခဲ့သည်။

နေရာအနှံ့မှောင်မိုက်လျက်ရှိပြီး ရရှိနေပါသော တစ်ခုတည်းသောအလင်းရောင်သည်ကား ဝိုင်းစက်လျက်ရှိသော လမင်းကြီးမှ ထောက်ပံ့ပေးနေပါသော အလင်းရောင်လေးပင်။

ထိုကဲ့သို့ တိတ်ဆိတ်မှောင်မိုက်နေသောညအလယ် ခမ်းနားလှစွာသော ဥယျာဥ်ကြီးတစ်နေရာ၌ လူသုံးယောက်သည်ကား ငြိမ်သက်စွာ ထိုင်နေကြ၏။

အတိအကျဆိုရပါသော လူသားနှစ်ယောက်နှင့် သေမင်း တစ်ယောက်...

ရှားနှင့်ဆွေးသည်ကား မျက်လုံးများမှိတ်ထားကာ ငြိမ်သက်စွာထိုင်နေသည့်အလျောက် မျက်ခုံးတို့ကမူ တွန့်ချိုးနေကြ၏။ တစ်နည်းဆိုရသော် အိပ်မက်ဆိုးမက်နေကြသော လူများသဖွယ် မျက်ခုံးများ တွန့်ချိုးလျက်ရှိ၏။  ဆိုးရွားလှသော အိပ်မက်ဆိုးကြီးအား အစွမ်းကုန် တိုက်ထုတ်နေကြသယောင်ယောင်...

မဟူရာအသွင်ဆောင်လျက်ရှိသော အဘွားအိုကမူ အလယ်၌ တိတ်ဆိတ်စွာ ထိုင်လျက်ရှိ၏။

ခဏအကြာ လူငယ်တစ်ယောက်သည်ကား ဥယျာဥ်အတွင်းသို့ အလောတကြီး ပြေးဝင်လာခဲ့၏။ အနက်ရောင်များ လွှမ်းခြုံထားပါသော အနှီလူငယ်လေးသည်ကား ရင်နင့်သွေး...

"Senpai...!!!"

အလန့်တကြားခေါ်လိုက်သော ခေါ်သံနောက်တွင် Senpai သည်ကား မျက်လုံးများအား ဖြည်းညင်းစွာဖွင့်လာခဲ့၏။

"ဘာလို့လဲ..? အတန်တန် တားနေတဲ့ကြားထဲက ဘာလို့ သူတို့ကို ရေတိုက်လိုက်တာလဲ...!"

"ဘာလို့လဲဆိုတော့ မင်းရဲ့ ဝိဥာဥ်ကို ပျက်စီးမသွားစေချင်လို့လေ..."

"ကျွန်တော်ကိုယ်တိုင် လိုလိုလားလား လက်ခံခဲ့တဲ့ကိစ္စပါ..."

"သွေး..!! ရှောင်ပုန်းမနေစမ်းပါနဲ့။ ရင်ဆိုင်လိုက်စမ်းပါ..."

"ကျွန်တော်...."

သွေးကမူ ငြိမ်သက်စွာ ထိုင်လျက်ရှိနေပါသော ရှားအား တွေတွေလေး ငေးစိုက်ကြည့်လိုက်သေး၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now