~45~

852 66 1
                                    

#Unicode

ရုံးခန်းသို့ရောက်သော် သွေး က ကြိုရောက်နှင့်နေ၏။ သူ၏ ပုံစံအတိုင်းပင် လှေကားလက်ရန်းကိုမှီကာ လက်တစ်ဖက်ကိုမူ ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ထားလေ၏။

ကျန်လက်တစ်ဖက်ကမူ သူ၏ ပြစ်ဒဏ်အါး စီရင်မည့် ဆူးလေးအား လှည့်ကစားနေချေ၏။ မျက်ဆံကလေးများက တည်ငြိမ်နေသည်ကြောင့် တစ်စုံတစ်ရာအား အတွေးနက်နေသယောင်ယောင်။ သို့သော် senpai ပြန်ရောက်လာသည်အား သူသိသည်။

Senpai ရှိရာနေရာသို့ လှည့်မကြည့်သော်လည်း သြရှရှ စကားသံလေးကမူ ဟိန်းကာ ထွက်ပေါ်လာခဲ့ချေ၏။

"ပြန်ရောက်ပြီလား senpai..!"

"အင်း..."

"ဒီနေ့ နောက်ကျသားပဲ..."

ပြန်မဖြေပဲ စားပွဲရှိရာသို့လျှောက်လှမ်းသွားသည့် senpai ကြောင့် လှေကားအား မှီကာရပ်နေရင်းမှ သူ၏ senpai ထံသို့လျှောက်လှမ်းလာခဲ့လေ၏။ ထို့နောက် စားပွဲပေါ်သို့ တင်ပလွှဲထိုင်ကာ စာရင်းစာရွက်များအား ဟိုလှန်ဒီလှန် လှန်ကြည့်နေလေသည်။

"သွေး...!"

"ဘာလို့ ပြောခဲ့တာလဲ..."

"....."

"ရှား ကိုဘာလို့ အကုန်ပြောပြလိုက်တာလဲ..."

"ဒါ သူသိသင့်တဲ့ ကိစ္စ သွေး..! ငါ အချိန်ကုန်ခံပြီး လိုက်ရှင်းနေတာ မဟုတ်ဘူး...!"

"သူ မသိလည်း...!!!

သူမသိလည်း ဖြစ်သားပဲ..."

"သွေး.. မင်း အဲ့ဒီလို မဟုတ်တာတွေ တွေးနေခဲ့လို့ ငါနောက်က လိုက်ရှင်းပေးနေရတာ။

ငါလုပ်ပေးနေတာတွေ အားလုံးက မင်းအတွက်..."

"ကျွန်တော်က သူ့ကို ရှင်သန်စေချင်သေးတာ..."

"သူ ရှင်သန်နိုင်ပါတယ်..."

ထိုအခါ ​သွေးက ခြောက်ကပ်စွာ တစ်ချက်ရယ်၏။ ထို့နောက် နှုတ်ခမ်းပါးလေးအား လျှာဖျားလေးဖြင့် တစ်ချက်သပ်လိုက်သည်။ ထို့နောက် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ စားပွဲပေါ်ထိုင်နေရာမှ ထ၏။

ထို့နောက် Senpai ၏ ရှေ့တည့်တည့်မှနေ၍ စားပွဲအား လက်နှစ်ဖက်ဖြင့်ထောက်လိုက်ကာ senpai အား စေ့စေ့ကြည့်လေသည်။ အမူအရာ တစ်ခုချင်းစီသည်ကား အေးစက်လွန်းလှသည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now