~31~

652 71 4
                                    

#Unicode

"သမီးတော်..!"

အရှင်မင်းကြီး၏ ခေါ်သံကြားမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသော အခြေအနေကြီးသည်ကား ချက်ချင်း ငြိမ်ကျသွား၏။ မဘုရားသည်လည်း ငြိမ်သွားကာ သူ၏ ဖခမည်းတော်ထံ ပြေးသွားခဲ့သည်။

"ဖခမည်းတော်...! ဖခမည်းတော်! အဆင်ပြေရဲ့လား ဘုရား။ သမီးတော် မစောင့်ရှောက်ပေးနိုင်တာ သမီးတော်ရဲ့ အပြစ်ပါ။ သမီးတော်ကို အပြစ်ပေးပါ..."

မဘုရားသည်ကား ကလေးလေးတစ်ယောက်နှယ်ငိုကြွေးရင်း လျှောက်တင်နေ၏။ အရှင်မင်းကြီးကမူ စကားတစ်ခွန်းမှ ပြန်မမိန့်ကြားပဲ မဘုရား၏ ခေါင်းလေးကိုသာ အသာပွတ်သပ်ပေးနေ၏။

ခဏအကြာ မဘုရား စိတ်ငြိမ်သွားသည်အား သတိထားမိတော့မှ တိုးတိမ်သော လေသံဖြင့်မိန့်လေ၏။

"ဒါက ဖခမည်းတော် မိန့်ကြားရမယ့် စကားပါ သမီးတော်...! သမီးတော်ကို ဖခမည်းတော် မကာကွယ်နိုင်ခဲ့ဘူး...

အခုလည်း ထပ်ပြီး မစောင့်ရှောက်ပေးနိုင်တော့ဘူးထင်ပါရဲ့။ တို့များ သမီးတော်လေး စိတ်များဆိုးနေမလားလေ..."

"ဟင့်အင်း... ဖခမည်းတော်...! ဖခမည်းတော် ပြန်ကောင်းလာမှာပါ။ ဒီလို မိန့်ကြားခြင်းမျိုး မပြုပါနဲ့လား ဘုရား..."

"သမီးတော်...!!"

"ခမည်းတော် ပြန်ကောင်းလာမှာပါ ။ သမီးတော်ကို မယုံတာလား ဘုရား...!"

"ခေါင်းမမာစမ်းနဲ့ သမီးတော်! ခမည်းတော်ရဲ့ အမိန့်ကိုသာ ကြည်ကြည်ဖြူဖြူ နာခံပါလေ..."

"ခမည်းတော်...!"

"စိတ်မဆိုးဘူးသာဆိုပါရဲ့။ အမိန့် မနာခံချင်တော့ဘူးထင်ပါ့..."

"သမီးတော် နာခံပါ့မယ်..."

"ကောင်းပြီ။ မနက်ဖြန်မှာ သမီးတော်နဲ့ သမက်တော်ကို ထီးမွေနန်းမွေ ဆက်ခံစေမယ်။ သမီးတော်တို့ရဲ့ စွမ်းဆောင်ရည်ကို အကြွင်းမဲ့ ယုံကြည်တာမလို့ ကြည်ကြည်ဖြူဖြူ နာခံပါလေ..."

"အရှင်မင်းကြီး...!!"

"ခမည်းတော်...!!"

"ခေါင်းမမာကြစမ်းပါနဲ့ ကလေးငယ်တို့ရယ်..!! ဒီဘုရင်အိုကြီးဟာ လောကကြီးမှာ ရှင်သန်နိုင်ဖို့ရာ အချိန်မရှိတော့မှန်း သိပါရဲ့ကွယ်...

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now