~48~ (Final)

3.9K 127 37
                                    

#Unicode

ဟိုတယ်ခန်းအပြင်ဘက်၌ သွေး တစ်ယောက် ခုန်ဆွခုန်ဆွလုပ်နေရှာသည်။ ကျောပိုးအိတ်လေးလွယ်ကာ ကြိုးလေးအား လက်လေးနှစ်ဖက်နှင့်ဆုပ်ကိုင်ထားသည်ကြောင့် လွယ်အိတ်ကလေးသည်ကား အနည်းငယ်မြောက်နေလေ၏။ မျက်လုံးလေးများက အရောင်လက်နေကာ မျက်တောင်လေးများကလည်း တဖျတ်ဖျတ်ခတ်နေသေးသည်။

"သွားဖို့အသင့်ဖြစ်ပြီလား..."

"အင်း..."

ဝမ်းသာအားရပြန်ဖြေလာသော သွေး ကြောင့် သဘောတကျရယ်လိုက်မိသေးသည်။ သူ သိပ်ပျော်နေသည်လေ။ နေ့အပူရှိန်ကပြင်းသည်ကြောင့် ဦးထုပ်ဝိုင်းလေးအား ခေါင်းလေးပေါ် ဂရုတစိုက် ဆောင်းပေးလိုက်မိသည်။ ဤသည်ကိုပင် ကလေးလေး တစ်ယောက်နှယ် ငြိမ်လျက် ခံယူနေ၏။

"သွားမယ်..."

သွားရန်ပြောလိုက်သည်နှင့် လှစ်ခနဲပြေးသွားကာ ကားပေါ်ရောက်နေလေသည်။ ရှားကမူ ရယ်ရုံသာ တတ်နိုင်တော့သည်။

"ပြေးသွားတာ မြန်လိုက်တာ။ အစွမ်းနဲ့ ရောက်လာတာ မဟုတ်ဘူးလား..."

"ဒီနေ့ ကျွန်တော်က လူပါ ဆိုနေ..."

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ..."

ထိုအချိန်မှစကာ သွေး က မလုပ်ခဲ့ရသမျှအား အတိုးချကာ လုပ်ချေတော့သည်။ တစ်နေကုန် လျှောက်လည်သည်။ မုန့်လျှောက်စားသည်။ အစားမှန်သမျှ ဟိုဟာနည်းနည်း၊ ဒီဟာနည်းနည်း လိုက်စားကြည့်သည်။ ကစား၍ရသည့်အရာမှန်သမျှ အကုန်လိုက်ကစားကြည့်သည်။

သို့သော် ရေကစားလျှင် ကျွန်တော်သာ စိုသည်။ သူက ချက်ချင်းပြန်ခြောက်သွားတတ်သည်။ ရိုလာကိုစတာ စီးလျှင်လည်း သူက ကားလေး ငြိမ့်​ညောင်းစွာ စီးနေရသည့်နှယ် သက်တောင့်သက်သာရှိလွန်းလှသည်။

အရုပ်ကောက်လျှင်လည်း သူကောက်သမျှ အကုန်ရသည်။ အစွမ်းသုံးနေသည်လားဟုမေးလျှင် နီရဲသော မျက်စောင်းကြီးအား လက်ခံရရရှိစမြဲ...

နန်းတော်ထဲသို့သွားကာ စက်ဘီးလည်း စီးသေးသည်။ သို့သော် ကျွန်တော်ကနင်း၍ သူက အနောက်မှ သက်တောင့်သက်သာ လိုက်စီး၏။ မတတ်နိုင်။ သူ့အား နင်းခိုင်းပါက အလိုလိုရွေ့နေပါသော စက်ဘီးကြီး ဖြစ်နေချေလိမ့်မည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now