#Unicode
ကျွန်တော် ငယ်လေးအား တစ်ဖန်ကြည့်လိုက်တော့ စာအုပ်စင်လေးအားမှီကာ စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာဖတ်နေလေ၏။
အချိန်အတော်လင့်ပြီထင်သည်ကြောင့် ငယ်လေးအား ခေါ်ဆောင်ရန် သွားလိုက်သည်။
"ဘာတွေများ စိတ်ဝင်တစားဖတ်နေပါလိမ့် ငယ်လေး.."
"ဒီလိုပါပဲ..၊ နောင်ကြီး ရွေးပြီးပြီလား။ ပြီးရင် သွားစို့လေ..."
"ကောင်းပြီ.."
စာအုပ်ဆိုင်မှ အထွက် မိန်းမပျိုတစ်ယောက်နှင့်တိုက်မိလေ၏။
ဝင်တိုက်မိသည့်အရှိန်ကြောင့် ထိုမိန်းမပျိုလေး၏ စာအုပ်ကလေးသည်ကား အောက်သို့ကျသွားချေသည်။
"တောင်းပန်ပါရဲ့ နှမငယ်။ မရည်ရွယ်ပါဘူး။ ဒီမှါ နှမငယ်ရဲ့ စာအုပ်..."
"ကျေးဇူးတင်ပါတယ် မောင်ကြီး..."
စာအုပ်လေးအား လက်လှမ်းရင်း ခေါင်းအား အသာမော့ကြည့်မိတော့...
"ဟင်... မဘုရား"
"မောင်ငယ်..၊ မောင်ငယ်က ဘယ်လိုလုပ် မြို့တော်ထဲရောက်နေတာတုန်း..."
"မဘုရားကိုမေးရမှာ။ မဘုရား ဘယ်လိုလုပ်...."
သခင်ငယ်လေး၏ နှုတ်ခမ်းလွှာတို့သည်ကား မဘုရား၏ လက်ချောင်းသွယ်သွယ်တို့၏ ပိတ်ဆို့မှုကြောင့် စကားတို့အား ပြီးဆုံးအောင် မပြောလိုက်ရချေ။
"ရှူး... တိတ်တိတ်နေ..။ အရင်ဆုံး အပြင်ထွက်ကြစို့..."
သို့နှင့် သုံးယောက်သားသည်ကား မြို့တော် တွင်း၌ စိတ်အေးလက်သာ လျှောက်လည်နေကြ၏။
"မဘုရား စာသင်ဖို့ အတန်းရှိတယ် မဟုတ်ဘူးလား..."
"အဲ့သလို ပြောတဲ့ မောင်ငယ်ကရော ဘယ်လိုကြောင့် မြို့တော်ထဲရောက်နေရပါလိမ့်..."
"ကျွန်တော်မျိုးက အတန်းကနေ ခိုးထွက်လာတာ..."
"ဒါဆိုရင်တော့ဖြင့် တူညီသော အကြောင်းပြချက်ကြောင့် တို့များ ရှင်းပြဖို့ လိုတော့မယ် မထင်ဘူး..."
"မဘုရား လည်း ခိုးထွက်လာတာလား...
နောက်လိုက်တွေရော..."
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...