~32~

640 65 3
                                    

#Unicode

"အရှင်မင်းကြီး...၊ အရှင်မ...!!"

"နောင်တော် ...!!"

ခြေမြန်တော်လေး ရောက်လာပြီး နှစ်ရက်မျှအကြာ နောင်တော် ပြန်ရောက်လာခဲ့သည်။ အနည်းငယ် နွမ်းလျနေသော်လည်း သူမြတ်နိုးသည့် ကလေးငယ်ထံသို့ ဦးစွာရောက်ရှိလာခဲ့၏။

ခရီးပန်းမှုကြောင့် အနည်းငယ် နွမ်းလျနေစေကာမူ အပြုံးတို့သည်ကား ကြည်လင်လျက်ရှိ၏။ မျက်ဝန်းတို့သည်မှာလည်း ကြည်လင်လျက်ရှိပြီး နူးညံ့နေလေ၏။

"အမောင် ပြန်ရောက်လာချေပြီပဲ။ အန္တရာယ်ကင်းကင်းပြန်ရောက်လာရင်ပဲ တို့ကျေနပ်ပါပြီ။ ပင်ပန်းနေရောပေါ့။

အနားယူပါဦးလား..."

"မှန်လှပါ။ ပြန်ရောက်လျှင်ရောက်ချင်း သတင်းပေးပို့ချင်သည်မို့ ချက်ချင်း ရောက်ရှိလာကြောင်းပါ...."

"နောင်တော်ရှား...!"

အော်သံနှင့်အတူ ပြေးဝင်လာသော အိမ်ရှေ့စံလေး။

"ဖြည်းဖြည်းသာသာလာပါလေ။ အိန္ဒြေလေးလည်း ထိန်းချေပါဦး။ ဟောဒီက အရှင်မနဲ့ မောင်နှမမှန်း နောင်တော် သိပါရောလား..."

"အို... အမောင်က တို့ကို ဘာလို့ ဆွဲထည့်နေရတာတုန်း..."

"မဟုတ်ချေလို့လား ဘုရား။ အမြဲ ပြေးလွှားနေတာပဲ မဟုတ်ချေဘူးလား အရှင်မရဲ့..."

"ထားပါ၊ ထားပါ။ သွားနားချေပါတော့ ...။ အိမ်ရှေ့စံက နောက်များမှ နှုတ်ဆက်ချေပါလေ။ မင်း နောင်တော်က ပင်ပန်းလှရောပေါ့ကွယ်..."

"ကောင်းပါပြီ...!"

ထိုအခါမှသာ အပြုံးတစ်ခုနှင့်အတူ အရိုအသေပြုရင်း ဘုရင့်နန်းဆောင်မှ ထွက်ခွါလာခဲ့သည်။ သို့သော် အနောက်မှ ခြေသံသေးသေးလေး တစ်ခုသည်ကား ခပ်မြန်မြန်လိုက်ပါလာခဲ့ချေ၏။

အနောက်သို့လှည့်ကြည့်လိုက်ချိန်၌မူ ကျွန်တော်၏ ကလေးငယ်လေးသည်ကား ရာဇအိန္ဒြေပင်မထိန်းနိုင်တော့ပဲ အပြေးတစ်ပိုင်း လိုက်ပါလာခဲ့ချေ၏။ မင်းဝတ်တန်ဆာနှင့် ထုပ်ထားသည့် ပိုးတုံးလုံးလေးနှယ် ချစ်စဖွယ်ကောင်းလှချေသည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now