~18~

832 76 3
                                    

#Unicode

ယနေ့ညတွင်မူ သုံးယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အကြောင်းမူကား တိုးမြှင့်ကောက်ခံထားသော အခွန်ငွေများ ရောက်ရှိသွားရာ နေရာအား စုံစမ်းရန်။

မဘုရား ရရှိထားသည့်သတင်းအရ အမတ်ကြီး အိမ်တော်မှ အစေခံတစ်စု မကြာမကြာ သွားလေ့သွားထရှိသည့်နေရာ တစ်ခုအား စုံစမ်းသိရှိထား၏။

သူလျှို မိန်းကလေး၏ ပြန်စာအရ ထိုနေရာအား ထိုလူတစ်စုမှလွဲ၍ တစ်ခြား မည်သူ့ကိုမျှ စေခိုင်းခြင်းမပြုဟု ဆိုသည်။

ထိုလူများအား လိုက်အကဲခတ်ကြည့်တော့ သိုသိုသိပ်သိပ်လှုပ်ရှားတတ်သည့်အကျင့်အရ သေချာစွာ လေ့ကျင့်ထားရှိသူများ ဖြစ်ချေလိမ့်မည်။

ရက်အတော်ကြာ စောင့်ကြည့်လေ့လာပြီးချိန်၌မူ နောင်ယောင်ခံလိုက်ကြရန် ပြင်ဆင်ကြ၏။

ထိုငွေများ၏ တည်နေရာနှင့်၊ သုံးစွဲရန် ကြံရွယ်ထားသည့်နေရာအား သေချာပေါက်သိရှိနိုင်မှ ဖြစ်ချေလိမ့်မည် မဟုတ်ပါလား...

လှုပ်ရှားမှု အဖုံဖုံအား လေ့လာပြီးသည့်နောက်တွင်တော့ သုံးယောက်သား လှုပ်ရှားကြရန် ပြင်ချေတော့သည်။

ညအခါ၌ ကိုယ်ရောင်ဖျောက်ရန် အကောင်းဆုံးသော အဝတ် အရောင်သည်ကား သေချာပေါက် အနက်ရောင်ပင်...

တစ်ကိုယ်လုံး အနက်ရောင်များဖုံးလွှမ်းထားသော အင်္ကျီအား အပြိုင်ဝတ်ဆင်လိုက်ပြီး မျက်လုံးမှတစ်ခြား ကျန်ရှိသည့် မျက်နှာအစိတ်အပိုင်းများအား အမဲရောင်ပုဝါစဖြင့် ဖုံးအုပ်လိုက်ကြချေ၏။

ထို့နောက် ဆိုင်ရာ လက်နက်တို့အား ဆွဲကိုင်ရင်း နောက်ယောင်ခံလိုက်ခြင်းအမှုအား စတင်ကြရတော့သည်။

ရက်အတော်ကြာ စုံစမ်းခဲ့သည့် အချက်အလက်အရ ထိုလူတစ်စု လှုပ်ရှားသည့် နေ့အချိန်သည်ကား အယောင်ဆောင်မျှပင်ဖြစ်ချေသည်။

အမှန်အကန်လှုပ်ရှားကြသည်ကား ညအချိန်ဖြစ်ချေ၏။

ညအခါတွင်မူ သိုသိုသိပ်သိပ်နှင့် သတိကြီး စွာ လှုပ်ရှားကြပုံသည်ကား လုံးဝ ဟာကွက်မရှိကြချေ။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now